စစ်ဧကရာဇ်(Chapter:351)
....................................
(မင်းသမီးကို လှောင်ပြောင်ခြင်း)
..........................................
" ဘန်း...ဘန်း..."
ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ ထွက်ပေါ်လာခဲ့ပြီး ရှေ့ဟောင်းမှော်ရထားက လီကွမ်ရီရဲ့ ထိန်းချုပ်မှုမှ လွတ်မြောက်ရန် ရုန်းကန်သည်။ ရုတ်တရက် ကြည့်လိုက်ရင် ကံစွမ်းအားနန်းတော် ခြောက်ခုနဲ့ ရှေ့ဟောင်းမှော်ရထားတို့ တိုက်ပွဲတစ်ခု ဖြစ်ပွားနေတာနှင့်ပင် တူနေသေးသည်။မြင်ကွင်းက မယုံနိုင်ဖွယ် ထူးဆန်းလွန်းနေ၍ မယ်ဆုယောင်မှာ စကားတစ်လုံးမှ မပြောနိုင်ဘဲ ဆွံ့အနေမိတော့သည်။ အချိန်ခဏ ကြာပြီးနောက်မှာ အရာအားလုံးက တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာပြီး နောက်ဆုံးမှာတော့ လီကွမ်ရီက ရှေ့ဟောင်းမှော်ရထားကို အလုံးစုံ ထိန်းချုပ်သွားနိုင်ပြီ ဖြစ်သည်။
အောင်မြင်စွာ ထိန်းချုပ်နိုင်ပြီးနောက်မှာတော့ သူ့ခန္ဓာကိုယ်တစ်ခုလုံး အလွန်အမင်း တုန်ခါသွားရတော့သည်။ နောက်ဆုံးမှာတော့ သူက လေဟာနယ်နန်းတော်အကြောင်းကို အ ရင်ထက်ပိုပြီး ပြည့်ပြည့်စုံစုံ နားလည်နိုင်ခဲ့ပြီ ဖြစ်သည်။
မယ်ဆုယောင်မှာမူ လီကွမ်ရီကို ကြည့်ပြီး ယခုအချိန်ထိ မင်သက်နေမိသေးသည်။ နောက်ဆုံးမှာတော့ သူမက သက်ပြင်းကို လေးပင်စွာ ချလိုက်ပြီး အရာအားလုံး ဆုံးရှုံးသွားပြီ ဖြစ်မှန်း နားလည်မိလိုက်တော့သည်။ သူမက လီကွမ်ရီကို ကြည့်ပြီး မျက်နှာချိုသွေး၍ ပြောလိုက်သည်။
" ညီအကိုလီ၊ မင်းက အရမ်းကံကောင်းတာဘဲ၊ အင်မော်တယ်ဧကရာဇ်ဟောက်ဟိုင်ရခဲ့တာတွေထက်တောင် အများကြီး သာသွားပြီ "လီကွမ်ရီက ရယ်မောလိုက်ပြီး မယ်ဆုယောက်ကို အေးတိအေးစက် ပြန်ပြောသည်။
" မိန်းကလေး၊ အခု ငါမင်းကို ဘယ်လို ဆက်ဆံသင့်တယ်လို့ ထင်လဲ "လီကွမ်ရီက အေးစက်စွာ ဆက်ပြောသည်။
" မင်းက သေမှာကိုတော့ ကြောက်မှာမဟုတ်ဘူး၊ ဒါပေမယ့် ငါမင်းရဲ့ အဝတ်အစားတွေ အားလုံး ချွတ်ပြီး နှိပ်စက်ရင်ရော....ဘယ်လိုလဲ၊ ငါလုပ်သင့်သလား၊ ငါ့ကို ရန်မစဖို့ မင်းကို အစကတည်းက သတိပေးထားပြီးသားလေ၊ အခု မင်းရဲ့ အဝတ်တွေကို ချွတ်ပစ်မယ်၊ ပြီးရင် မင်းရဲ့ ကံစွမ်းအားကို ပိတ်လှောင်ပစ်မယ် "
BINABASA MO ANG
စစ်ဧကရာဇ် လီကွမ်ရီ Book 1 ( Ch 1 - 990 )
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...