စစ်ဧကရာဇ်(Chapter:481)
(ဖီးနစ်မင်းသမီး)"အေးအေးဆေးဆေး အဖမ်းခံ"
အင်းဆက်ဂိုဏ်းမင်းသားရဲ့ ညီငယ်က ချိုးရုန်ဝမ်ရွယ်တို့ကို ကြည့်ပြီး အေးတိအေးစက် ပြောသည်။ သို့သော် သူ့စကားကို ဆုံးအောင် မပြောလိုက်ရဘဲ ရုတ်တရက် ရပ်တန့်သွားရသည်။"ဝုန်း"
မြှားတစ်ချောင်းက အရှိန်အဟုန်ပြင်းစွာ ဝင်ရောက်လာပြီး သူ့ကို မြေပြင်ပေါ် လဲကျသွားစေရတော့သည်။ ချိုးရုန်ဝမ်ရွယ်တို့ကို ဝိုင်းရံထားတဲ့ တပည့်တွေမှာလည်း လုပ်ရှားချိန်ပင်မရလိုက်ဘဲ တစ်ယောက်ပြီး တစ်ယောက် လဲကျသေဆုံးသွားကြရတော့သည်။အင်းဆက်ဂိုဏ်းမင်းသားရဲ့ညီငယ်မှာ ဘာမှပင် မသိလိုက်ရဘဲ လက်တစ်ဘက်က သူ့လည်ပင် ချုပ်ကိုင်တာကို ခံလိုက်ရသည်။ ပြီးနောက် လေပေါ်မှာ ယက်ကန်ယက်ကန်နဲ့ ဖြစ်နေရတော့သည်။ သူက သူ့ကို ဖမ်းချုပ်ထားသူအား တုန်တုန်ရင်ရင်နဲ့ ကြည့်ပြီး မေးသည်။
"မင်း ... မင်းဘယ်သူလဲ""ဟမ်၊ မင်းက ငါ့ကို ရှာနေတာ မဟုတ်ဘူးလား"
ဖမ်းချုပ်ထားသူက အေးတိအေးစက် ပြုံးရင် ဆက်ပြောသည်။
"မင်းရှာနေတာဆိုလို့ ငါလာခဲ့တာ""လီ .. လီကွမ်ရီ"
အင်းဆက်ဂိုဏ်းမင်းသားရဲ့ညီငယ်မှာ ပို၍ပင် တုန်လှုပ်ခြောက်ခြားသွားရတော့သည်။ သူက ချိုးရုန်ဝမ်ရွယ်ကိုဖမ်းပြီး ဖီးနစ်မင်းသမီးကို မျက်နှာလုပ်ချင်ရုံသာ ဖြစ်သည်။ လီကွမ်ရီ ဒီအနားမှာ ရှိနေမည်ဟု မျှော်လင့်မထားခဲ့ပေ။ မီးတောက်နတ်ဘုရားမင်းသားနဲ့ အခြားပါရမီရှင် သုံးယောက်ကို လီကွမ်ရီသတ်ခဲ့ကြောင်း သူက သိထားပြီး ဖြစ်သည်။ ဒါကြောင့် သူက လီကွမ်ရီရဲ့ပြိုင်ဘက်မဟုတ်မှန်း နားလည်ပေသည်။"သခင်လေးလီ"
ချိုးရုန်ဝမ်ရွယ်လည်း လီကွမ်ရီရောက်လာသဖြင့် အားတက်သွားရသည်။ လီကွမ်ရီသာ ရောက်မလာပါက သူမတို့အတွက် အခြေအနေကောင်းမည် မဟုတ်ပေ။ထိုစဉ် အင်းဆက်ဂိုဏ်းမင်းသားရဲ့ညီငယ်က လီကွမ်ရီကို ကြည့်ပြီး ခြိမ်းခြောက်သည်။
"ငါ .. ငါက အင်းဆက်ဂိုဏ်းက၊ ငါတို့ အင်းဆက်ဂိုဏ်းက ဧကရာဇ်အဆင့် ဂိုဏ်းတစ်ခုပဲ"
VOCÊ ESTÁ LENDO
စစ်ဧကရာဇ် လီကွမ်ရီ Book 1 ( Ch 1 - 990 )
AventuraReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...