၂၄၁ - ၂၄၅

352 16 0
                                    

စစ်ဧကရာဇ်(Chapter:241)
....................................
(အင်မော်တယ်သွေးလှံတံ ၁)
.....................................
ကျစ်ချွင်က လီကွမ်ရီကို ကြည့်ပြီး အနည်းငယ်တွန့်ဆုတ်နေမိသည်။ သို့သော် နောက်ဆုံးမှာ သူမက နဂါးနက်လှံတံကို ထုတ်ပြီး စားပွဲပေါ်တင်လိုက်သည်။ လှံတံက နတ်ဘုရားရတနာတစ်ပါးလို ဝင့်ထည်နေပြီး ဧကရာဇ်ရဲ့ အရှိန်အဝါတွေလည်း ပေါင်းစပ်ပါဝင်နေသည်ကို တွေ့ရသည်။

" ဒါ.....ဒါက ဘာလဲ "
အကြီးအကဲဂူမှာ နဂါးနက်လှံတံကို ကြည့်ပြီး တုန်လှုပ်စွာ ရေရွတ်သည်။ ထိုသို့သော လက်နက်မျိုးက ရှေ့ဟောင်းသန့်ရှင်းနယ်မြေဂိုဏ်းမှာ မရှိတော့တာ ကြာလှပြီဖြစ်၍ သူတို့အားလုံးက မမြင်တွေ့ဖူးကြပေ။

" မင်းက နဂါးနက်လှံတံရဲ့ သခင် မဟုတ်သေးဘူးဘဲ "
လီကွမ်ရီက လှံတံကို စစ်ဆေးပြီးနောက်မှာ ကျစ်ချွင်ကို စိတ်ပျက်စွာ ကြည့်ရင်း ပြောလိုက်သည်။ ပြီးနောက် လှံတဲကို ကောက်ယူပြီး လက်ထဲမှာ ဆကြည့်လိုက်သည်။ ချက်ချင်းပင် လွန်စွာ ဝင့်ထည်လွန်းတဲ့ လှံတံက လီကွမ်ရီရဲ့ လက်ထဲမှာ ရိုကျိုးသိမ်မွေ့သည့် သဏ္ဍာန်ပြောင်းလဲသွားသည်။ ကြည့်ရသည်မှာ ယင်းက လီကွမ်ရီကို သူ့ရဲ့ သခင်အဖြစ် လက်ခံလိုနေဟန်ရသည်။

ကျစ်ချွင်မှာ ထိုမြင်ကွင်းကို ကြည့်ပြီး မယုံကြည့်နိုင်အောင်ဖြစ်နေမိသည်။ သူမအနေနဲ့ နဂါးနက်လှံတံရဲ့ သခင်အဖြစ် အသိအမှတ်ပြုခံရဖို့ ကြိုးစားနေသည်မှာ အလွန်အမင်း ကြာမြင့်နေပြီ ဖြစ်သည်။ သို့သော် ယခုအချိန်အထိ အောင်မြင်ခြင်း မရှိသေးပေ။ ဒါပေမယ့် လှံတံက ယခုမှတွေ့ဖူးတဲ့ လီကွမ်ရီကို သခင်အဖြစ် အသိအမှတ်ပြုချင်နေပေသည်။ ဒါက ဘာကြောင့်လဲ။ ဖြစ်နိုင်လို့လား......။ကျစ်ချွင်မှာ မျက်လုံးကြီးတွေ ပြူးကျယ်သွားတဲ့ အထိ လှံတံနဲ့ လီကွမ်ရီကို ကြည့်နေမိတော့သည်။

" နဂါးနက်လှံတံ....အဟက် "
လီကွမ်ရီက လှံတံကို သဘောကျစွာ ကြည့်ရင်း နူးညံ့သိမ်မွေ့စွာ လှည့်နေလိုက်သည်။

" ဘန်း....ဘန်း....ဘန်း..."
ထိုစဉ် နဂါးနက်လှံတံက လီကွမ်ရီရဲ့ လက်ထဲမှာ ပြောင်းလဲမှု‌တွေ စတင်ဖြစ်ပေါ်လာခဲ့သည်။ ကျစ်ချွင်က လီကွမ်ရီရဲ့ လက်ကို သေသေချာချာ ကြည့်နေပေမယ့် မြန်ဆန်လွန်းနေ၍ ဘာကိုမှ ရှင်းရှင်းလင်းလင် မမြင်လိုက်ရပေ။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now