266 - 270

317 18 0
                                    

စစ်ဧကရာဇ်(Chapter:266)
....................................
(မြင့်မားတဲ့ဈေးနှုန်း)
..........................
"မြန်မြန်လုပ် "
လီကွမ်ရီက ချီရှောင်းတျယ်ကို အလျင်လိုဟန်နဲ့ ပြန်ပြောသည်။ ချီရှောင်းတျယ်မှာ လီကွမ်ရီကို ဒေါသတကြီး ပြန်ပြောဖို့ ပြင်လိုက်သည်။ သို့သော် သူမရဲ့ စိတ်ထဲ၌ တွန့်ဆုတ်နေမိပြီး နောက်ဆုံးမှာတော့ လီကွမ်ရီပြောတဲ့ အတိုင်းလိုက်လုပ်ရန် သဘောတူလိုက်သည်။ ဘာကြောင့် သဘောမိသွားသည်ကို သူမကိုယ်တိုင်လည်း မသိတော့ပေ။

ချီရှောင်းတျယ်က ဆူပူအော်ဟစ်နေကြတဲ့ လူအုပ်ကြားထဲကို အနည်းငယ်တိုးဝင်ပြီး ကျယ်လောင်စွာ အော်လိုက်သည်။
" ဒီဟာက အဆင့်နိမ့်သူတော်စင်အဆင့် သန့်စင်ကျောက်တုန်း ၃၀၀၀ဆိုရင် ငါဝယ်မယ် "

ချီရှောင်းတျယ်ရဲ့ အသံက အားလုံးကို ဆွံ့အသွားစေသည်။ ချက်ချင်းပင် ဆူညံနေသူတွေ အားလုံးက တိတ်ဆိတ်သွားပြီး ချီရှောင်းတျယ်ကို လှည့်ကြည့်ကြသည်။ အဆင့်နိမ့်သူတော်စင်အဆင့် သန့်စင်ကျောက်တုန်း၃၀၀၀ဆိုတာက မနည်းမနော ပမာဏ မဟုတ်ပါလား။

" ဟမ်.....၊ ဒီသစ်သားစုတ်ကို ဝယ်ဖို့ အဆင့်နိမ့်သူတော်စင်အဆင့် သန့်စင်ကျောက်တုန်း ၃၀၀၀တောင်လား၊ မင်းရူးနေလား "
ထိုစဉ် လီကွမ်ရီက ဒေါသတကြီးအမူအယာလုပ်ပြီး ချီရှောင်းတျယ်ကို စတင်ကြိမ်းမောင်းသည်။

ချီရှောင်းတျယ်ကလည်း လီကွမ်ရီနဲ့ အလိုက်သင့် ပြန်လှုပ်ရှားသည်။ သူမက ဒေါသတကြီး ကြည့်ကြီး အော်ပြောသည်။
" နင်နဲ့ ဘာဆိုင်လဲ၊ ဒီပစ္စည်းကို ငါကြိုက်လို့ ငါဝယ်တာ "

လီကွမ်ရီနဲ့ ချီရှောင်းတျယ်တို့ ဖြစ်ပျက်နေပုံက လူပုံအလယ်မှာ သမီးရည်းစား ရန်ဖြစ်နေသည်နှင့် တူနေသည်။ အားလုံးက နှစ်ယောက်လုံးကို ကြည့်ပြီး ဆွံ့အနေမိကြသည်။ စစ်မာလုံယွင်ရဲ့ မျက်နှာမှာမူ လုံးဝ ပျက်ယွင်းနေပြီ ဖြစ်ပြီး ချီရှောင်းတျယ်နဲ့ လီကွမ်ရီနီးစပ်သွားမှာကို တွေးရင်း စိုးရိမ်စိတ် ဝင်လာခဲ့တော့သည်။

" ညီမလေးချီ၊ ဒီပစ္စည်းကို လိုချင်ရင် ငါဝယ်ပေးမယ်လေ "
စစ်မာလုံယွင်က ချီရှောင်းတျယ်နား လျင်မြန်စွာ သွားလိုက်ပြီး ချိုသာစွာ ပြောလိုက်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Où les histoires vivent. Découvrez maintenant