736 - 740

203 15 0
                                    

စစ်ဧကရာဇ်(Chapter:736)
(သွေးစုပ်မိစ္ဆာမျှော့)
..............................
" ကောင်းပြီ၊ကောင်းပြီ...တူတော်မောင်ကသာ ငါ့သားရဲ့ အသက်ကို ကယ်တင်ပေးနိုင်ရင် ဆန္ဒလှံတံကို ပေးပါ့မယ်...."
နောက်ဆုံးမှာတော့ စုံစမ်းရေးအမတ်မှာ ရွေးချယ်စရာမရှိတော့ဘဲ လက်ခံလိုက်ရတော့သည်။ သူ့သားရဲ့ အသက်က ရတနာတွေထက် ပိုမိုအဖိုးတန်သည်ဟု သူ့စိတ်ထဲ ခံယူထားပေသည်။

သူ့သားရဲ့ အသက်ကို ကယ်ဖို့ရန်အတွက် တန်ဖိုးကြီးရတနာတစ်ခုကို စွန့်လွတ်ဖို့ ဆုံးဖြတ်လိုက်သည်။ အဆိပ်ဒဏ်ရာကို ကုသဖို့အတွက် သူ့ရဲ့ ဘိုးဘေးကို အကူအညီတောင်လို့ရသည်မှာ မှန်သည်။ သို့သော် ဘိုးဘေးက သက်တမ်းကုန်ဆုံးခါနီးပြီဖြစ်၍ မြေအောက်ခေါင်းတလားထဲ၌ သွေးကျောက်တုန်းအစီအရင်နဲ့ အိပ်နေခဲ့သည်။ ဘိုးဘေးကို တွေ့ရဖို့အတွက် မလွယ်ကူပေ။ ဘိုးဘေးက ကူညီပေးမည်ဆိုရင်တောင်မှ သွားရောက်ဖိတ်ခေါ်နေတာနဲ့ အချိန်များစွာ ကုန်လွန်သွားနိုင်ပေသည်။ သူ့သားရဲ့အသက်ကို ဘယ်လိုမှ မီနိုင်တော့မည်မဟုတ်ပေ။

မိစ္ဆာလက် သမားတော်က စုံစမ်းရေးအမတ်ကို ပြုံး၍ တစ်ချက်ကြည့်သည်။ သူ့ရဲ့ ခွင်ထဲ ဝင်လာခဲ့၍ သူ့စိတ်ထဲ အလွန်အမင်း ကျေနပ်နေမိသည်။ သူက သဘောကျစွာ ရယ်မောရင်း ပြောလိုက်သည်။
" သွေးစုပ်မိစ္ဆာမျှော့က ယင်ဓာတ်အသားပေး အဆိပ်ကောင်တစ်ကောင်ပါ၊ သူ့ရဲ့ အဆိပ်ကို ကုသဖို့ မလွယ်ဘူး၊ ကံကောင်းတာတစ်ခုက ငါ့ဆီမှာ မီးတောက်နှလုံးသားမြက်ရဲ့ ပြာအချို့ရှ်ိနေတယ်....."

မိစ္ဆာလက် သမားတော်က ပြောပြောဆိုဆိုနဲ့ သေတ္တာငယ်လေးတစ်ခုကို ထုတ်ယူလိုက်သည်။ ချက်ချင်းပင် လူတိုင်းလိုလိုရဲ့ မျက်လုံးအကြည့်တွေက သေတ္တာငယ်လေးထံ ကျဆင်းလာခဲ့တော့သည်။ အယ်လ်ခမီပညာလေ့လာတဲ့ လူငယ်အားလုံးမှာ သေတ္တာငယ်လေးကိုကြည့်ပြီး အသက်ရှူသံတွေ မြန်ဆန်လာခဲ့ကြသည်။ အားလုံးက မိစ္ဆာလက် သမားတော်ရဲ့ အစွမ်းကို သိထားကြ၍ သေတ္တာငယ်လေးအတွင်းမှ ဆေးဝါးကိုလည်း အထင်မသေးရဲကြပေ။

" ဒါက ဒဏ်ရာအပေါ် မှားယွင်းတဲ့ နည်းလမ်းနဲ့ ချဉ်းကပ်တာပဲ....."
ထိုအချိန်မှာပင် လူအုပ်ကြားထဲမှ လွန်းွာတည်ငြိမ်တဲ့ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ မိစ္ဆာလက် သမားတော်မှာ သူ့ရဲ့ ဆေးမှုန့်ကို ဒဏ်ရာပေါ်ဖြူးခါနီးဆဲဆဲ ထွက်ပေါ်လာတဲ့အသံကြောင့် မျက်မှောင်ကြုတ်လိုက်မိတော့သည်။ ချက်ချင်းပင် အသံထွက်ပေါ်လာရာသို့ မကျေမနပ်ကြည့်လိုက်သည်။ ဤတွင် သူ့ကို ပြုံးပြုံးကြီး စိုက်ကြည့်နေတဲ့ လီကွမ်ရီကို တွေ့လိုက်ရသည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now