စစ္ဧကရာဇ္ ( Chapter:126 )
......................................
( ရန်သူတစ်ထောင်ကို ဒေါသတကြီး သတ်ဖြတ်ခြင်း ၂ )
.........................................................
နန်ထိန်ဟိုက တွင်းထဲကို လက်နိုက်ပြီး ဖားပြုတ်ကို ဖမ်းဖို့ ကြိုးစားလိုက်သည်။ သို့သော် သူက ဒီဖားပြုတ်ရဲ့ အမြန်နှုန်းအကြောင်းကို သိရှိထားခြင်း မရှိပေ။ သူထံ၌ ဖားပြုတ်ကို ဖမ်းရန် နည်းလမ်းကောင်းမရှိပေ။ ဒါကြောင့်လည်း သူ့ရဲ့ လက်ကို တွင်းထဲထည့်ပြီး ဖမ်းဆီးဖို့ စဉ်းစားလိုက်ခြင်း ဖြစ်သည်။" ကွက်....."
ထိုစဉ် ဖားပြုတ်အော်သံတစ်ချက် ထွက်ပေါ်လာပြီး နန်ထိန်ဟိုရဲ့ လက်ကို ရှောင်ကာ ဖားပြုတ်တစ်ကောင် ပြေးထွက်သွားသည်။ ဖားပြုတ်ရဲ့ အမြန်နှုန်းက အလင်းတန်းတစ်ခုလို မြန်ဆန်နေ၍ နန်ထ်ိန်ဟိုမှာ ဘယ်လိုမှ မတတ်နိုင်တော့ပေ။ သူက ဖားပြုတ် ဘယ်ကို ထွက်ပြေးသွားမှန်းပင် မတွေ့လိုက်ရချေ ။နန်ထိန်ဟိုမှာ ဖားပြုတ်လွတ်သွား၍ အကြီးအကျယ်စိတ်ပျက်သွားရတော့သည်။ ဖားပြုတ်ရဲ့ အမြန်နှုန်းက ဒီလောက်ထိ ရှိနေမည်ကို သူက ထင်မှတ်မထားခဲ့ပေ။
" မဟုတ်ဘူး........."
ထိုစဉ် လီကွမ်ရီရဲ့ စိတ်ပျက်စွာအော်သံကြီးက သစ်ပင်တွေကြားမှ ထွက်ပေါ်လာခဲ့တော့သည်။ သူ့အနေနဲ့ ထိုဖားပြုတ်ကို ဖမ်းမိရန် ၅ရက်နဲ့ ၅ညအထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းခဲ့ရသည်။ သို့သော် ယခုတော့ သူ့ရဲ့ ကြိုးစားမှုတွေက နန်ထိန်ဟိုကြောင့် သဲထဲရေသွန်သလို ဖြစ်သွားရသည်။ လီကွမ်ရီမှာ လွန်စွာ ဒေါသထွက်နေပြီး အသားများပင် တဆတ်ဆတ်တုန်ရင်နေတော့သည်။" အိုး....မင်းကမသေသေးပါလားဟ၊ အရမ်းကောင်းတယ် "
နန်ထိန်ဟိုက ရုတ်တရက် ပြန်ရောက်လာတဲ့ လီကွမ်ရီကို ကြည့်ပြီး ဆက်ပြောသည်။
" ကောင်းပြီ၊ ငါမင်းရဲ့ အရိုးတွေ ဘယ်လောက်ထိမာကြောတယ်ဆိုတာ သိချင်တယ်၊ သူ့ကို မရပ်မနားဘဲ ရိုက်နှက်ပစ်ကြစမ်း "နန်ထိန်ဟိုက လီကွမ်ရီကို ရိုက်နှက်ရန် သူ့ရဲ့တပည့်အချို့ကို အမိန့်ပေးလိုက်ပြန်သည်။ ယခုအချိန်တွင် သူက ဖားပြုတ်လွတ်သွား၍ ဒေါသထွက်နေမိသည်။ ဒါကြောင့် လီကွမ်ရီကို နှိပ်စက်ပြီး သူ့ရဲ့ ဒေါသကို ဖြေသိမ့်ချင်နေမိသည်။
JE LEEST
စစ်ဧကရာဇ် လီကွမ်ရီ Book 1 ( Ch 1 - 990 )
AvontuurReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...