၂၁ - ၂၅

749 41 0
                                    


စစ်​ဧကရာဇ်​  (Chapter:21)
..................................
( သူတော်စင် လိုဏ်ဂူ ၁)
...............................
နောက်တစ်ရက်အရောက်မှာ အကြီးအကဲတွေက လိုအပ်တာတွေ ပြင်ဆင်ပြီး လီကွမ်ရီကို သူတော်စင်လိုဏ်ဂူသို့ ဖိတ်ခေါ်လိုက်သည်။ ယုဟီက လီကွမ်ရီကို ဂိုဏ်းရဲ့ လျို့ဝှက်နေရာကို ခေါ်သွားလိုက်သည်။

ယုဟီရဲ့ စွမ်းအားအဆင့်သည် အလွန်မြင့်မားပြီး ဂိုဏ်းအတွင်းတွင်လည်း သြဇာလွမ်းမိုးမှုရှိသည်။ သို့သော် ယခုတော့ သူက လီကွမ်ရီကို လိုက်ပါစောင့်ရှောက်နေရသည်။ ဒီမြင်ကွင်းကို မြင်တဲ့သူအားလုံးက သူတို့အမြင်မှားသည်ဟုသာ ထင်မြင်မိကြမည်မှာ သေချာသလောက်ရှိသည်။

သူတော်စင်နတ်ဆိုးကိုးပါးဂိတ်ရှိ တောင်တစ်လုံးကို လီကွမ်ရီတို့ ရောက်လာကြပြီး ထိုတောင်အောက်တွင် လိုဏ်ဂူတစ်ခုကို မြင်လိုက်ရသည်။ထို လိုဏ်ဂူကို မြက်ပင်ခြုံနွယ်တွေက ဖုံးအုပ်ထားကြသည်။ ဤနေရာကား သူတော်စင်နတ်ဆိုးကိုးပါးဂိတ်ရဲ့ တားမြစ်နေရာတစ်ခု ဖြစ်သည်။ ဒီနေရာကို ဂိုဏ်းချုပ်နှင့် အကြီးအကဲများမှ လွဲ၍ မည်သူမှ လာခွင့်မရှိပေ။

ရှေ့ခေတ်ရာဇဝင်များတွင် ဖော်ပြချက်အရ သူတော်စင်ကိုးပါးက သူတို့ရဲ့ ပညာကျင့်စဉ်များကို ဒီလိုဏ်ဂူထဲ ချန်ထားကြသည်ဟု ဆိုကြသည်။ ဒါ့အပြင် အဖိုးတန် ရတနာလက်နက်များလည်း ရှိမည်ဟု ယုံကြည်ရသည်။ ဒါကြောင့်လည်း နတ်ဆိုးဘုရင် လွန်းရီက သူတော်စင်လိုဏ်ဂူကို အလွန်အမင်းဖွင့့်ချင်နေခြင်း ဖြစ်ဟန်တူသည်။

အင်မော်တယ်ဧကရာဇ်မင်ရန်က ကောင်းကင်စွမ်းအားကိုရရှိပြီးနောက် သူတော်စင်ကိုးပါးကို  အင်မော်တယ်ဧကရာဇ်အဆင့် ရတနာလက်နက်များ ပေးခဲ့သည်ဟု သိရသည်။ သို့သော် သူတော်စင်ကိုးပါး၏ ဆက်ခံသူများမှာ ထိုရတနာလက်နက်များကို မြင်ပင်မမြင်ဖူးကြပေ။ ဒါကြောင့်လည်း ရတနာတွေက လိုဏ်ဂူထဲ ရှိနေမည်ဟု အားလုံးက ထင်နေကြခြင်းဖြစ်သည်။

အင်မော်တယ် ဧကရာဇ်အဆင့် ရတနာလက်နက်များကို ဧကရာဇ်မင်ရန်က ဖန်းတီးခဲ့ခြင်းဖြစ်သည်။ ထိုလက်နက်များသည် လွန်စွာ စွမ်းအားကြီးပြီး အဖိုးတန်လှသည်။ ထိုလက်နက်များကို လွန်းရီ နဲ့ အကြီးအကဲအားလုံးရချင်နေခြင်းမှာ မထူးဆန်းတော့ပေ။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Waar verhalen tot leven komen. Ontdek het nu