501 - 505

219 17 0
                                    


စစ်ဧကရာဇ်(Chapter:501)
(ရှန့်ဖန်)

     ဖီးနစ်မင်းသမီးက သခင်တိကျောရဲ့ဇနီးတစ်ယောက်ဖြစ်သည်။ သူမက လီကွမ်ရီထံ ရှုံးနိမ့်ပြီး အရှက်တကွဲ ထွက်ပြေးခဲ့ရ၍ သခင်တိကျောက သေချာပေါက် လက်စားချေချင်မည် ဖြစ်သည်။ ဒါ့အပြင် လီကွမ်ရီက မီးတောက်နတ်ဘုရားမင်းသားကိုပါ သတ်ဖြတ်ခဲ့သည်။ သခင်တိကျောအနေနဲ့ သူ့ယောက်ဖအတွက် လက်စားလာချေမည်ကို အားလုံးက မျှော်လင့်ထားပြီး ဖြစ်သည်။ ဒါကြောင့် သခင်တိကျော ရောက်လာလာချင်း လီကွမ်ရီအား စိန်ခေါ်တာကို မည်သူမှ အံ့အားသင့်ခြင်း မရှိပေ။

     လက်ရှိအချိန် အားလုံးစိတ်ဝင်စားနေတာက တစ်ခုထဲ ဖြစ်သည်။ ယင်းက လီကွမ်ရီအနေနဲ့ သခင်တိကျောရဲ့ စိန်ခေါ်မှုအား လက်ခံမည်၊ လက်မခံမည် ဆိုတာကိုပင် ဖြစ်သည်။ သေချာသည်ကတော့ တစ္ဆေမျိုးနွယ်စုဝင်တွေအနေနဲ့ ထိုတိုက်ပွဲ ဖြစ်မြောက်လာရန် တိတ်တခိုး မျှော်လင့်နေကြတော့သည်။

     "တာအိုမိတ်ဆွေ တိကျော၊ ငါတို့ရဲ့ အုပ်ချုပ်သူက တံခါးပိတ်လေ့ကျင့်နေတယ်၊ သူနဲ့ တိုက်ခိုက်ချင်ရင် သူလေ့ကျင့်တာ ပြီးအောင် စောင့်ပါ"
ထိုစဉ် ဂိုဏ်းချုပ်ပေါင်ကွေ့က သခင်တိကျောကို ကြည့်ပြီး ပြောသည်။

     ဂိုဏ်းချုပ်ပေါင်ကွေ့ရဲ့စကားက တိုက်ပွဲဖြစ်မြောက်စေချင်နေသူတွေကို စိတ်ပျက်သွားစေသည်။ တစ္ဆေမျိုးနွယ်စု ကျင့်ကြံသူတစ်ယောက်က စိတ်ပျက်လက်ပျက် ပြောသည်။
"ဟမ်၊ ကောင်စုတ်လေးလီက မတိုက်ခိုက်ရဲတာလား"

     "ဖြစ်နိုင်တယ်၊ သခင်တိကျောက သူ့ကို ပုရွှက်ဆိတ်တစ်ကောင်လို သတ်ပစ်နိုင်တယ်လေ၊ သူက ဒါကို သိထားမှတော့ ဘယ်လိုလုပ် ထွက်လာရဲမှာလဲ၊ ကြောက်ပြီး ပုန်းနေတော့မှာပေါ့"
အခြားကျင့်ကြံသူတစ်ယောက်ကလည်း မကျေမနပ် ဝင်ပြောသည်။

     ထိုအချိန်မှာပင် သခင်တိကျောက မျက်မှောင်ကြုံ့ပြီး ကျယ်လှောင်စွာ ပြန်ပြောသည်။
"ဟမ်၊ သူ့မှာ ရွေးချယ်စရာ မရှိဘူး၊ အခုချက်ချင်း သူ့ကို ထွက်လာခိုင်းပါ"

     "စိတ်ပျက်စရာပါလား"
ထိုစဉ် ပျင်းရိလေးတွဲ့တဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ခွေးတစ်ကောင်က ငါ့ကို ကိုက်ချင်နေတာပဲ"
ထိုအသံရဲ့ အဆုံးမှာ လီကွမ်ရီက လန်ယွင်ကျူးနဲ့ အတူ ထွက်လာခဲ့သည်။သူက သခင်တိကျောကို လက်ညှိုးထိုးကာ ဆက်ပြောသည်။
"မင်းက တိုက်ခိုက်ချင်နေတာလား"

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now