စစ်ဧကရာဇ်(Chapter:451)
....................................
(ဘိုးဘေးခြံဝင်း)
......................
" ဟင်...ဘိုးဘေးခြံဝင်းလား...ဖြစ်...ဖြစ်ပါ့မလား၊ အဲ့နေရာက အပြင်လူတွေ ဝင်လို့ မရဘူးလေ "
ချိုးရုန်ဝမ်ရွယ်က ထိတ်လန့်တကြား ပြောသည်။" မှန်တယ်၊ ဘိုးဘေးခြံဝင်းက အပြင်လူတွေကို ဝင်ခွင့်မပေးဘူး၊ ဒါပေမယ့် အဲ့ထဲမှာ ငါမပါဘူး "
လီကွမ်ရီက ပြုံး၍ ပြန်ပြောသည်။ချိုးရုန်ဝမ်ရွယ်က ဘာမှ ပြန်ပြောမနေတော့ပေ။ သူမက တိတ်ဆိတ်စွာဖြင့် လီကွမ်ရီရဲ့ အနောက်မှ လိုက်ပါသွားလိုက်တော့သည်။
ဘိုးဘေးခြံဝင်းက သင်္ချိုင်းနယ်မြေမှာ အားအကောင်းဆုံး သရဲဂိုဏ်းတစ်ခုဖြစ်ပြီး သင်္ချိုင်းနယ်မြေကို အုပ်ချုပ်သည်ဟု အများစုက ယုံကြည်ထားကြသည်။ သို့သော် ဒါကလည်း သိပ်ပြီးတော့ သေချာရေရာခြင်း မရှိပေ။ အပြင်လူတစ်ယောက်အနေနဲ့ ဘိုးဘေးခြံဝင်းထဲကို မည်သူမှ မရောက်ဖူးကြပေ။ ထူးခြားသည်မှာ ဘိုးဘေးခြံဝင်းသခင်က အပြင်ကို ဘယ်တော့မှ ထွက်လေ့မရှိပေ။ ဒါကြောင့် အခြားသရဲအဖွဲ့အစည်းတွေပင် သူ့ကို မြင်ဖူးခြင်း မရှိကြပေ။
သင်္ချိုင်းနယ်မြေအတွင်းမှာ သရဲဂိုဏ်းအားလုံးက နယ်မြေတွေကို ခွဲခြားပြီး အုပ်ချုပ်လေ့ရှိသည်။ အပြင်လူတွေအနေနဲ့ သူ့တို့ရဲ့ နယ်မြေထဲ ဝင်ရောက်လိုပါက သတ်မှတ်ထားတဲ့ ယန်ငါးအရေအတွက်ကို ပေးချေပြီးမှ ဝင်ခွင့်ကြရသည်။ သို့သော် ဘိုးဘေးခြံဝင်းကတော့ အခြားနေရာတွေနဲ့ မတူပေ။ ထိုနေရာက မည်သူ့ကိုမှ ဝင်ရောက်ခွင့် မပြုထားပေ။
ဘိုးဘေးခြံဝင်းက သင်္ချိုင်းနယ်မြေရဲ့ အချက်အခြာကျတဲ့ နေရာမှ တည်ရှိသည်။ ကျင့်ကြံသူအတော်များများမှာ ထိုနေရာကို မျက်စိကျပြီး ရတနာတွေ ရှာဖွေလိုကြသည်။ သို့သော် ဘိုးဘေးခြံဝင်းက မည်သူ့ကိုမှ ဝင်ရောက်ခွင့် ပြုမထား၍ အချို့က တိတ်တဆိတ် ဝင်ရောက်ဖို့ ကြိုးစားဖူးခဲ့ကြသည်။ သို့သော် ထိုသူတွေ အားလုံးမှာ အောင်မြင်ခြင်း မရှိခဲ့ကြပေ။
ခေတ်အဆက်ဆက်အတွင် ပါရမီရှင် လူငယ်များစွာက ဘိုးဘေးခြံဝင်အတွင်း ခိုးဝင်ခဲ့ကြသည်။ သို့သော် သူတို့အားလုံးမှာ ဆိုးရွားတဲ့ ကံကြမ္မာနဲ့ ရင်ဆိုင်ခဲ့ရပြီး ကြောက်မက်ဖွယ် အပြစ်ပေးခံခဲ့ကြရသည်။ သူတို့အားလုံးမှာ ဆိုးဆိုဝါးဝါး အသတ်ခံခဲ့ရပြီး သူတို့ရဲ့ အလောင်းတွေကို ခြံဝင်းအပြင်ဘက်မှာ ချိတ်ဆွဲခံထားကြရသည်။
KAMU SEDANG MEMBACA
စစ်ဧကရာဇ် လီကွမ်ရီ Book 1 ( Ch 1 - 990 )
PertualanganReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...