စစ်ဧကရာဇ် ( Chapter:216 )
.....................................
( ပိုင်ကျန့်ကျန်းရဲ့ ဓားသုံးကွက် ၂ )
..........................................
များစွာသော ကျင့်ကြံသူတွေက လီကွမ်ရီကို အထူးအဆန်းသဖွယ် ကြည့်နေမိကြသည်။ ဒီကောင်လေးကား ယခုမှာ ၁၅နှစ်ကျော် ၁၆နှစ်အတွင်းသာ ရှိသေးသည်။ ဒါ့အပြင် ဒီနေရာမှာ ရောက်နေသူအားလုံးထဲမှာ အသက်ငယ်ဆုံးဖြစ်သည်။ သို့သော် ဒီကောင်စုတ်လေးက ဓားနတ်ဘုရားဂိုဏ်း၏ ဆက်ခံသူကို သူ့ရဲ့ ကိုယ်ရံတော်လုပ်ရန် ပြောဆိုရဲသည်တဲ့လား..........။" ဒီကောင်စုတ်လေးက မိန်းကလေးတွေကို ဒီလောက်ထိ ကြိုက်မယ်လို့ငါ မထင်ထားမိဘူး "
ကျင့်ကြံသူတစ်ယောက်က လီကွမ်ရီကို ကြည့်ကာရယ်မောရင်း ပြောသည်။" ဖားပြုတ်က ငန်းရဲ့အသားကို စားချင်နေတာဘဲ "
ထိုစဉ် ဂိုဏ်းတစ်ခုမှ ပါရမီရှင်တစ်ယောက်ကလည်း လီကွမ်ရီကို ကြည့်ကာ ပြောလိုက်သည်။သို့သော် လီကွမ်ရီက ထိုသူတွေရဲ့ စကားကို ဂရုမစိုက်ဘဲ ပိုင်ကျန့်ကျန်းကို ကြည့်ကာ ပြောသည်။
" ကောင်းပြီ၊ အခု မင်းက ငါနဲ့တိုက်ခိုက်ရင် နိုင်မယ်လို့ ယုံကြည်တယ်ပေါ့ "တစ်ဆက်ထဲမှာ သူက ပိုင်ကျန့်ကျန်းရဲ့ အေးစက်စက်အမူအယာကို ကြည့်ပြီး စချင်စိတ်ပေါ်လာကာ ဆက်ပြောသည်။
" မင်းရဲ့ ပုံစံ ကြည့်ရတာ အရမ်းကို အေးတိအေးစက်နိုင်လွန်းတယ် ၊အစက မင်းငါ့ကို ရှုံးသွားရင် ငါ့နဲ့ လက်ထပ်ရခိုင်းဖို့ စဉ်းစားမိသေးတယ်၊ ဒါပေမယ့် အခုငါ နည်းနည်း စိုးရိမ်မိတယ်၊ အခုလို အေးတိအေးစက်ပုံစံနဲ့ဆို မင်းက ဇနီးမယားတစ်ယောက်လို နွေးထွေးမှု မပေးနိုင်လောက်ဘူး ထင်တယ် "လီကွမ်ရီရဲ့ စကားက အနီးနားရှိကျင့်ကြံသူအားလုံးကို စကားမပြောစေနိုင်တော့လောက်အောင် ဆွံ့အသွားစေတော့သည်။ သို့သော် ဘာဟိုဂျီယာအိုနဲ့ လီရှောင်းရန်တို့မှာမူ မျက်နှာရှစ်ခေါက်ချိ ုးဖြစ်သွားပြီး သုန်မှုန်နေကြတော့သည်။
ပိုင်ကျန့်ကျန်းက ဓားနတ်ဘုရားဂိုဏ်းရဲ့ ဆက်ခံသူဖြစ်သည့်အပြင် လူများစွာကို သတ်ဖြတ်ဖူးသူတစ်ယောက် ဖြစ်သည်။ ထိုအချင်းအရာတွေက သူမကို ယောကျ်ားလေးအများစု စဖို့ဝေးပြီး ရှောင်ဖယ်သွားစေပေသည်။
DU LIEST GERADE
စစ်ဧကရာဇ် လီကွမ်ရီ Book 1 ( Ch 1 - 990 )
AbenteuerReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...