571 - 575

216 17 1
                                    


စစ်ဧကရာဇ်(Chapter:571)
(ဘိုးဘေး၃ယောက်ကို ဝါးမြိုခြင်း)

     လက်ရှိအချိန်မှာ လီကွမ်ရီရဲ့ပါရမီကို မေးခွန်းထုတ်စရာမလိုပေမယ့် သူက ငယ်ရွယ်တဲ့ ဂျူနီယာတစ်ယောက်သာ ဖြစ်သည်။ အားလုံးရဲ့အမြင်မှာတော့ လီကွမ်ရီအနေနဲ့ စကြာဝဠာအဆင့် ဘိုးဘေးတွေကို ရင်ဆိုင်ဖို့မှာ ဘယ်လိုမှ မဖြစ်နိုင်ပေ။ ဘိုးဘေးတစ်ယောက်ကို ရင်ဆိုင်ဖို့ပင် ခက်ခဲနိုင်ပြီး ယခုတော့ လီကွမ်ရီက ဘိုးဘေး၃ယောက်လုံးကို တစ်ပြိုင်နက် စိန်ခေါ်နေပေသည်။ အားလုံးမှာ လီကွမ်ရီကို ကြည့်ပြီး စိတ်ပျက်လက်ပျက် ခေါင်းခါရမ်းလိုက်မိကြတော့သည်။ ဒီအရာက လုံးဝ ဖြစ်နိုင်ဖို့ လမ်းမရှိပေ။ မကြာခင်မှာပင် ဘိုးဘေး၃ယောက်ရဲ့လက်ချက်နဲ့ လီကွမ်ရီသေရတော့မည့် မြင်ကွင်းကို အားလုံးက မြင်ယောင်နေမိကြတော့သည်။

     ထိုစဉ် လီကွမ်ရီက ဘိုးဘေး၃ယောက်ကို ကြည့်ပြီး ပြုံး၍ ပြောသည်။
"ငါ့အချိန်တွေကို ဖြုန်းတီးမနေကြနဲ့၊ အခုချက်ချင်းလာခဲ့ကြတော့"

     ဘိုးဘေး၃ယောက်ရဲ့မျက်နှာတွေ ချက်ချင်းရှုံ့မဲ့သွားရသည်။ သူတို့ကို လီကွမ်ရီက ယခုလောက်ထိ မကြောက်မရွံ့ ရင်ဆိုင်ရဲမည်ဟု ထင်မထားခဲ့ကြပေ။ သူတို့၃ယောက်လုံးက ဧကရာဇ်အဆင့်ဂိုဏ်းရဲ့ဘိုးဘေးတွေ ဖြစ်ကြသည်။ ဒါကြောင့် သာမာန်ဂိုဏ်းမှ ဘိုးဘေးတွေထက်များစွာ သာလွန်သည်မှာ သံသယရှိစရာ မလိုချေ။ ယခုတော့ လီကွမ်ရီလို ဂျူနီယာတစ်ယောက်က စိန်ခေါ်နေ၍ ၃ယောက်လုံးမှာ ရှူးရှူးရှားရှား ဖြစ်သွားကြရတော့သည်။

     "သတ်ကြစမ်း"
၃ယောက်လုံးက လီကွမ်ရီထံ ဒေါသတကြီး ဝင်ပြီး တိုက်ခိုက်ကြတော့သည်။ သူတို့ရဲ့တိုက်ခိုက်မှုက တကယ့်ကို ပြင်းထန်လွန်းလှသည်။ မိုးကောင်းကင်ရှိ ကြယ်တွေ ကြွေကျပြီး လေထုတစ်ခုလုံးကို သတ်ဖြတ်ခြင်းအရှိန်အဝါတွေ ဖုံးလွှမ်းသွားတော့သည်။ အင်အားနည်းပါးတဲ့ ကျင့်ကြံသူအချို့မှာ မြေပြင်ပေါ်မှာပင် ရပ်တည်နိုင်စွမ်း မရှိကြတော့ဘဲ လဲကျကုန်ကြရသည်။

     စကြာဝဠာအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့တိုက်ခိုက်မှုက လွန်စွာကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ ယခုတော့ စကြာဝဠာအဆင့် ဘိုးဘေး၃ယောက် ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်သည်။ ဒါကြောင့် သူတို့၃ယောက်ပေါင်း တိုက်ခိုက်မှုက လွန်စွာ ပြင်းထန်လွန်းမည်မှာ သံသယရှိစရာ မလိုချေ။ ၎င်းက လီကွမ်ရီလို ဂျူနီယာတစ်ယောက်ကို အမှုန့်ချေပစ်နိုင်စွမ်း ရှိပေသည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Dove le storie prendono vita. Scoprilo ora