၁၅၁ - ၁၅၅

476 24 0
                                    

စစ်ဧကရာဇ် ( Chapter:151 )
.....................................
( အမှောင်လောကလှေ ၁ )
..................................
အမှောင်လောကလှေ ပေါ်လာတော့မည်ဆိုသည့် သတင်းက အလယ်ပိုင်းနယ်မြေအနှံ့ ပေါက်ကွဲမှု အားကောင်းစွာနဲ့ ပျံ့နှံ့သွားတော့သည်။ လက်ရှိအချိန်တွင် ထိုသတင်းက ကျင့်ကြံသူအားလုံးရဲ့ ပါးစပ်ဖျားမှာ ရေးပန်းအစားဆုံး သတင်းတစ်ပုဒ်ဟုလည်း ဆိုရမည် ဖြစ်သည်။

နောက်ဆုံးတွင် ဒီသတင်းက မော်တယ်ဧကရာဇ် ကမ္ဘာအတွင်းနေရာအနှံ့ ရောက်ရှိသွားတော့သည်။ အမှောင်လောက လှေ ပြန်လည်နိုးထလာပြီ ဖြစ်၍ ကျင့်ကြံသူအားလုံးအတွက် မြင့်မြတ်တဲ့ ကျောက်တုံးထဲကို ဝင်ရောက်ဖို့ အခွင့်အလမ်းရှိလာပြီ ဖြစ်သည်။ ဒါကြောင့်လည်း ဒီသတင်းက အားလုံးရဲ့ ပါးစပ်ဖျားမှာ ရေးပန်းစားနေခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် အားလုံးက အမှောင်လောက လှေ အကြောင်းအပါအဝင် ရှေ့ဟောင်းသချႋ ုင်းမြေရဲ့ အကြောင်းကို စိတ်ပါဝင်စားစွာ ပြောနေကြသည်။ သူတို့တွေအနေနဲ့ မြင့်မြတ်တဲ့ ကျောက်တုံးအတွင်းကို ဝင်ရောက်ဖို့ရန်မှာ ရှေ့ဟောင်းသချႋ ုင်းမြေသို့ အရင်ဆုံးသွားရောက်ရမည် ဖြစ်သည်။

တကယ်တော့ မော်တယ်ဧကရာဇ်ကမ္ဘာအတွင်းရှိ အဆင့်နိမ့်ကျင့်ကြံသူတွေအနေနဲ့ အမှောင်လောကလှေကို မြင်တွေ့ခွင့်ရရန်မှာ လုံးဝမဖြစ်နိုင်ပေ။ သို့သော် ကျင့်ကြံသူအတော်များများက ရှေ့ဟောင်းသချႋ ုင်းမြေ အတွင်း ဝင်ရောက်ပြီး အခွင့်အရေးရလိုရညား စမ်းသပ်လိုကြသည်။

ရှေ့ဟောင်းသချႋ ုင်းနယ်မြေက တကယ့်ကို ဂန္ဓဝင်နေရာတစ်ခု ဖြစ်ပြီး နာမည်ကျော်ကြားလှသည်။ ယင်းက နာမည်ကျော် သချႋ ုင်း ၁၂မျိုးထဲမှာ ပါဝင်ပြီး မော်တယ်ဧကရာဇ်ကမ္ဘာရဲ့ တစ်ခုတည်းသော ရှေ့ဟောင်း သချႋ ုင်းတစ်ခုလည်း ဖြစ်သည်။

ရှေ့ဟောင်းသချႋ ုင်းနယ်မြေက အလယ်ပိုင်းနယ်မြေထဲမှာသာ ရှိပေမယ့် ထိုသိချႋ ုင်းအကြောင်းကို မည်သူမှ ရေရေရာရာ မသိကြပေ။ ရှေ့ခေတ်ဘိုးဘေးတွေရဲ့ အဆိုအရ ထိုသချႋ ုင်းထဲမှာ စွမ်းအားမြင့် ကျင့်ကြံသူ အမြောက်အများကို မြှုပ်နှံထားသည်ဟု ဆိုကြသည်။ ကောလဟာလတွေအရဆိုရင် သူတော်စင်ဧကရာဇ်နဲ့ မော်တယ်ဧကရာဇ်အဆင့် ကျင့်ကြံသူတွေကို မြှုပ်နှံထသည်ဟု သိရသည်။ ဒါ့အပြင် ဒီအထဲမှာ အင်မော်တယ်ဧကရာဇ်တွေရဲ့ အလောင်းအချို့လည်း ရှိသည်ဟု ဆိုကြသည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Donde viven las historias. Descúbrelo ahora