401 - 405

239 16 0
                                    

စစ်ဧကရာဇ်(Chapter:401)
.....................................
(သားသမက်)
..................
ဂိုဏ်းချုပ်ပေါင်ကွေ့ရဲ့ အမိန့်အတိုင်း အကြီးအကဲတွေ လီကွမ်ရီကို ဧည့်သည်တစ်ယောက်အဖြစ် ကြိုဆိုဖို့ ပြင်လိုက်ကြသည်။ ပုစွန်နတ်ဆိုးက ထိုအမိန့်ကို ရပြီးတာနဲ့ လျင်မြန်စွာ ပြန်လာခဲ့လိုက်သည်။ တစ်ချိန်ထဲမှာ သူ့စိတ်ထဲ၌ လီကွမ်ရီက မင်းသမီး လန်ယွင်ကျူးရဲ့ ချစ်သူဟု ထင်မှတ်သွားပြီး လီကွမ်ရီကို မတိုက်ခိုက်မိသည့် သူ့အဖြစ်သူ တွေးပြီး ဝမ်းသာနေတော့သည်။

ပုစွန်နတ်ဆိုးက လီကွမ်ရီကို တွေ့တာနဲ့ အလျင်အမြန် ပြောလိုက်သည်။
" ဧည့်သည်တို့၊ ကျွန်တော့်နောက် လိုက်ခဲ့ကြပါ "

လီကွမ်ရီနဲ့ လုပိုင်ချိုးတို့ကလည ပုစွန်နတ်ဆိုးရဲ့ လှေငယ်ထဲ ဝင်ထိုင်ပြီး လိုက်ပါလာခဲ့လိုက်ကြသည်။ ပုစွန်နတ်ဆိုးက သူတို့နှစ်ယောက်အား ရေကန်အတွင်းရှိ ကျွန်းတစ်ခုပေါ်သို့ ခေါ်သွားလိုက်သည်။ ထိုကျွန်းက ဂိုဏ်းရဲ့ ဧည့်သည်တွေ လက်ခံဖို့ အထူးသတ်မှတ်ထားတဲ့ ကျွန်းတစ်ခုလည်း ဖြစ်သည်။ ကျွန်းပေါ် ရောက်တဲ့ အခါမှာတော့ လီကွမ်ရီတို့က ကာကွယ်စောင့်ရှောက်သူ ရှောင်ကို အဆင်သင့် တွေ့လိုက်ရသည်။

" သခင်လေးလီ၊ ငါတို့ရဲ့ ငါးကြင်းမြစ်ဂိုဏ်းမှ ကြိုဆိုပါတယ်၊ ကိုယ်တိုင်လာပြီး မကြိုမိတာ တောင်းပန်ပါတယ် "
ကာကွယ်စောင့်ရှောက်သူ ရှောင်က လီကွမ်ရီကို တွေ့တွေ့ချင်းမှာ ပြုံး၍ နှုတ်ဆက်လိုက်သည်။ သို့သော် သူ့ရဲ့ အပြုံးတွေက ဟန်ဆောင်အပြုံးတွေမှန်း သိသာလွန်းလှသည်။ ကြည့်ရသည်မှာ သူက လီကွမ်ရီကို မကျေမနပ် ဖြစ်နေဟန်ရသည်။ အကြောင်းမှာ ကျွန်းစုတစ်ထောင်နယ်မြေ၌ သူ့ရဲ့ ကမ်းလှမ်းချက်တွေကို လီကွမ်ရီက မာနထောင်လွှားပြီး မသိကျိုးကျွံပြုခဲ့၍ ဖြစ်ပုံရသည်။ သို့သော် ဒီကိစ္စကြောင့် ကာကွယ်စောင့်ရှောက်သူ ရှောင်ကိုလည်း အပြစ်သွားတင်၍ မရချေ။ သူ့လို ငါးကြင်းမြစ်ဂိုဏ်းက လူတစ်‌ယောက်ကို သာမာန်လူငယ်လေးတစ်ယောက်က မခန့်လေးစား လုပ်ပြနေသည်ကို ဘယ်လိုလုပ်ပြီး ကြည်ဖြူနိုင်မည်နည်း။

သို့သော် ယခုအချိန်မှာတော့ ဂိုဏ်းချုပ်ပေါင်ကွေ့ရဲ့ အမိန့်အရ လီကွမ်ရီကို ဧည့်ခံရတော့မည် ဖြစ်သည်။ ကာကွယ်စောင့်ရှောက်သူ ရှောက်က လီကွမ်ရီနဲ့ လုပိုင်ချိုးကို ကျွန်းရဲ့ အမြင့်ဆုံးနေရာသို့ ခေါ်သွားသည်။ ပြီးနောက် ဧည့်သည်တွေအတွက် အထူးဆောက်လုပ်ထားဟန်ရတဲ့ အဆောက်အဦးကြီး အတွင်းသို့ ခေါ်သွားပြီး လိုလေသေးမရှိအောင် စီစဉ်ပေးလိုက်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Donde viven las historias. Descúbrelo ahora