831 - 835

191 14 0
                                    

စစ်ဧကရာဇ်(Chapter:831)
(လုံကျင့်ရှန်း)
....................
     လျှို့ဝှက်မိန်းကလေးရဲ့ အပြုအမူက အိမ်မြှောင်နဲ့ ထျဲလန်တို့ကို ဆွံ့အ သွားစေခဲ့သည်။ ဒီမတိုင်မီ ဆတ်ဆတ်ထိမခံ ရန်တွေ့တတ်တဲ့ ပုံစံကနေ နူးညံတဲ့ မိန်းကလေးအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်တဲ့လား။ ဒီမိန်းကလေးကာ ဟန်ဆောင်ရာမှာလည်း အထူးကျွမ်းကျင်ပုံရသည်။

     ကျန့်ဝူရွှမ်းမှာမူ မျက်လုံးတွေ အေးစက်သွားရပြန်သည်။ သို့သော် အခြားသူတွေလိုတော့ အံ့အားသင့်မိခြင်း မရှိပေ။ သူမက လျှို့ဝှက်မိန်းကလေးကို ကြည့်ပြီး အေးတိအေးစက် ပြောသည်။
     "လုံကျင့်ရှန်း၊ မင်းရဲ့ အကြောင်းတွေကို ငါမသိဘူးများထင်နေတာလား၊ ငါ့အရှေ့မှာ နူးညံ့တံ့အသွင် ဆောင်မနေနဲ့"

     "ဟမ် ... ကျန့်ဝူရွှမ်း၊ အဲ့ဒါက မင်းနဲ့ ဘာဆိုင်လို့လဲ၊ ဖီးနစ်တစ်ကောင်လို မြင့်မြတ်တဲ့ အယောင်ဆောင်တဲ့ မင်းရဲ့ အပြုအမူကမှ ငါ့ထက် ပိုပြီးတောင် ဆိုးရွားသေးတယ်"လုံကျင့်ရှန်းက ယခင်ပုံစံဖြစ်တဲ့ ဆတ်ဆတ်ထိမခံတဲ့ မိန်းကလေးတစ်ယောက်အသွင် ဖြစ်သွားပြန်သည်။ သူမသည် တကယ်ပင် ဟန်ဆောင်ရာ၌ ကျွမ်းကျင်ပုံရသည်။

     "ငါက ဟန်ဆောင်တာလား"ကျန့်ဝူရွှမ်းက ဒေါသတကြီး ဆက်ပြောသည်။
     "ကောင်းပြီလေ၊ ငါက ဖီးနစ်လို အင်အားမျိုး ရှိမရှိ သိချင်ရင် အခုချက်ချင်း လာစမ်းနိုင်တယ်"

     "ကောင်းပြီ၊ လောင်းကြေးက ဘာလဲ"လုံကျင့်ရှန်းက အလျင်အမြန် ပြန်ပြောသည်။ ကျန့်ဝူရွှမ်းနဲ့ တိုက်ခိုက်ဖို့ သူမက ကြောက်ရွံ့မနေပေ။

     အချိန်တိုအတွင်းမှာပင် အဆောက်အဦအတွင်း လေထုက လွန်စွာ အေးစက်ပြီး တင်းမာနေခဲ့သည်။ အိမ်မြှောင်နဲ့ လိပ်အိုကြီးတို့မှာမူ စကားတစ်ခွန်းမှ မပြောရဲကြပေ။ ရူးနှမ်းတဲ့ ဒီမိန်းကလေးနှစ်ယောက်ရဲ့ ရန်ပွဲအကြား ပါဝင်ရသည်အထိတော့ သူတို့နှစ်ယောက်လုံးက မရူးသွပ်သေးပေ။ ဒီရန်ပွဲမှာ ပါဝင်မည့်အစား သူတို့အနေနဲ့ ထွက်ပြေးဖို့ကိုသာ ရွေးချယ်မိမည် ဖြစ်သည်။

     "မင်းတို့နှစ်ယောက် တိုက်ခိုက်ချင်ရင် အပြင်ကို သွားကြပါ၊ သူများရဲ့ အိမ်ကို ဖျက်ဆီးဖို့ မကြိုးစားကြပါနဲ့"ထိုစဉ် လီကွမ်ရီက မိန်းကလေးနှစ်ယောက်ကို ပြုံး၍ ပြောသည်။ ရန်မဖြစ်ဖို့တော့ သူက ဟန့်တားနေမည် မဟုတ်ပေ။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now