336 - 340

302 16 0
                                    


စစ်ဧကရာဇ်(Chapter:336)
....................................
(ခရီးသွားပေါ်တယ်ထဲ ဝင်ရောက်ခြင်း)
..................................................
ကြယ်ရေစင်ကား လွန်စွာ ရှားပါးလွန်းသည့် အရာတစ်ခု ဖြစ်သည်။ လီကွမ်ရီက ဒါကို ရှေ့ဟောင်းသင်္ချိုင်းမြေထဲမှ ရရှိခဲ့ခြင်း ဖြစ်ပြီး နောက်တစ်ကြိမ် ပြန်တွေ့ရဖို့ပင် မလွယ်ကူချေ။ ဒါကြောင့်လည်း အဖိုးအိုပန်ခမ်းနဲ့ ဘိုးဘေးအကြီးအကဲတွေက အလွန်အမင်း စိတ်လှုပ်ရှားနေကြခြင်း ဖြစ်သည်။

ထိုစဉ် လီကွမ်ရီက အားလုံးကို ကြည့်ပြီး ပြုံး၍ ပြောသည်။
" ကြယ်ရေစင်အတွက် မင်းတို့ဆီက ဘာမှ မလိုချင်ပါဘူး၊ ဒါပေမယ့် နတ်ဘုရားဆီက ငါကတိတစ်ခုတော့ လိုချင်တယ် "

အားလုံးမှာ လီကွမ်ရီရဲ့ စကားကြောင့် ငြိမ်သက်သွားကြသည်။ နတ်ဘုရားထံမှ ကတိစကားတစ်ခွန်းကား ရယူဖို့ မလွယ်ဘဲ ကြယ်ရေစင်လိုပင် တန်ဖိုးကြီးမားသည်။ သို့သော် ယခုအခြေအနေက သူတို့တွင် ရွေးချယ်စရာ မရှိတော့ချေ။ နောက်ဆုံးတွင် သူတို့အားလုံးက သေချာဆွေးနွေးပြီးမှ လီကွမ်ရီကို ပြောသည်။
" ကောင်းပြီ ငါတို့ အားလုံးက နတ်ဘုရားကို ကိုယ်စားပြုတယ်၊ မင်းတောင်းချင်တဲ့ ကတိကို ပြောပါ "

" ကောင်းပြီ ဒီလိုမှပေါ့၊ ကမ္ဘာဦးသစ်ပင်ကို ရယူဖို့အတွက် မင်းတို့ဆီမှာ ကောင်းမွန်တဲ့ အထောက်အပံ့တွေ ရှိနေတယ်လို့ ငါသိထားတယ်၊ ငါအဲ့တာကို ခနလိုချင်တယ် "
လီကွမ်ရီက လေးနက်စွာ ပြောလိုက်သည်။

လီကွမ်ရီရဲ့ စကားက အဖိုးအို ပန်ခမ်းနဲ့ ကျန်တဲ့သူတွေကို ဆွံ့အသွားစေပြီး တစ်‌ယောက်မျက်နှာ တစ်ယောက် ကြည့်နေစေတော့သည်။

ထိုစဉ် လီကွမ်ရီက ပန်ခမ်းကို ကြည့်ပြီး ဆက်ပြောသည်။
" လူအိုကြီး၊ မသိသလို လုပ်မနေနဲ့ ၊ မင်းတို့ကျောင်းတော်ရဲ့ အဖိုးကြီးတွေမှာ ဆံပက် ဘယ်နှစ်မွှေး ရှိတယ်ဆိုတာကအစ ငါသိထားတယ်၊ လိမ်ဖို့ ကြိုးစားမနေနဲ့ "

" ဟီး..ဟီး မင်းပြောတာ ဟုတ်ပါတယ် "
နောက်ဆုံးမှာတော့ အဖိုးအိုပန်ခမ်းမှာ လီကွမ်ရီကို မနိုင်ဘူး ဆိုတဲ့ အကြည့်နဲ့ ကြည့်ပြီး စပ်ဖြီးဖြီး ပြန်ပြောသည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Opowieści tętniące życiem. Odkryj je teraz