531 - 535

211 14 0
                                    

စစ်ဧကရာဇ်(Chapter:531)
(ခြိမ်းခြောက်ခြင်း)

     ဖီးနစ်ရဲ့မာနထောင်လွှားတဲ့ စကားကြောင့် လီကွမ်ရီမှာ ဒေါသထွက်သွားရသည်။ သို့သော် သူက စိတ်ကို လျှော့ချလိုက်ပြီး ပြုံး၍ ပြန်ပြောသည်။
"ဂျင်ဆင်းမြစ်၅ခုအတွက် ကြယ်ရေစင်တစ်စက်ပဲ ပေးနိုင်တယ်၊ ဒါက မင့်အတွက် အရမ်းကို ကောင်းမွန်တဲ့ ကမ်းလှမ်းချက်တစ်ခုပဲ၊ ဒါက ငါအရမ်းကြင်နာတတ်လို့ပဲ၊ မဟုတ်ရင် ဂျင်ဆင်းမြစ်ကို အလဲအလှယ်မလုပ်ဘဲ အတင်းအကျပ် လုယူမှာပေါ့"

     "ဝုန်း"
လီကွမ်ရီရဲ့စကားအဆုံးမှာပင် နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ ဖီးနစ်ထံမှ အင်မော်တယ်အလင်းတန်းတွေ ဖြာထွက်လာခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လင်းထိန်သွားစေသည်။ တစ်ဆက်ထဲမှာ ယင်းက ဖီးနစ်အသွင် မဟုတ်တော့ဘဲ ကြီးမားတဲ့ ဂျင်ဆင်းဘုရင်အဖြစ် ပြောင်းလဲသွားတော့သည်။ သူ့ကိုယ်ပေါ်၌ ကြီးမားတဲ့ အရွက်အချို့နဲ့အတူ အမြစ်အများအပြားကိုလည်း တွေ့ရပေသည်။ ဂျင်ဆင်းဘုရင်ရဲ့အမြစ်တွေက လွန်စွာ ရှည်လျားလွန်းလှပြီး သာမန် းသစ်ပင်တစ်ပင်ရဲ့ အကိုင်းအခက် တစ်ခုအလား ထင်မှတ်မှားရသည်။ လက်ရှိမှာ ဂျင်ဆင်းဘုရင်က လီကွမ်ရီတို့ အရှေ့၌ နတ်ဘုရားတစ်ပါးအလား ဝင့်ထည်စွာ ရပ်နေတော့သည်။

     လန်ယွင်ကျူးမှာ ဂျင်ဆင်းဘုရင်ရဲ့ အော်ရာတွေကြောင့် အသက်ရှူဖို့ပင် ခက်ခဲလာပြီး မွန်းကြပ်နေရတော့သည်။ ဂျင်ဆင်းဘုရင်က တကယ့်အစစ်အမှန် နတ်ဘုရားအလား သူမကို တုန်လှုပ်စေနိုင်ပေသည်။ သေချာသည်ကတော့ ဂျင်ဆင်းဘုရင်ရဲ့ သန်မာမှုက လန်ယွင်ကျူးကို မဆိုထားနဲ့ စကြာဝဠာအဆင့် ကျင့်ကြံသူတွေကိုတောင် တုန်လှုပ်စေနိုင်စွမ်း ရှိပေသည်။

     ထိုစဉ် ဂျင်ဆင်းဘုရင်က ဖီးနစ်တစ်ကောင်လို အော်မြည်လိုက်သည်။ ချက်ချင်းပင် လီကွမ်ရီနဘေးမှာ ရှိနေတဲ့ နတ်ဘုရားသားရဲ လေးကောင်ကလည်း ကြောက်မက်ဖွယ် မီးတောက်တွေကို ထုတ်လွတ်ရင်း လီကွမ်ရီကို ကာကွယ်ပေးလိုက်ကြသည်။ နဂါး၊ ဖီးနစ် ၊ချီလင်နဲ့ ကျားဖြူတို့က ဂျင်ဆင်းဘုရင်ရဲ့ အော်ရာတွေကို ချေဖျက်လိုက်ကြ၍ လီကွမ်ရီမှာ အေးအေးသက်သာ ရှိနေဆဲ ဖြစ်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now