စစ်ဧကရာဇ် ( Chapter:226 )
.......................................
( အသန်မာဆုံးသော ခန္ဓာကိုယ် ၂ )
............................................
ပညာရှင်ဧကရာဇ်ကျန့်ကျန်းနဲ့ ဘိုးဘေးမိုရှန်းတို့က သူတို့ရဲ့ အသက်သွေးရည်ကြည်အချို့ကို နိုးဆွလိုက်ပြီး သွေးစွမ်းအားအဖြစ် ပြောင်းလဲစေလိုက်သည်။ သူတို့တွေအနေနဲ့ ယခုထိ အသက်ရှင်သန်နေရခြင်းမှာ သွေးစွမ်းအားနဲ့ အသက်သွေးရည်ကြည်ကို ချွေတာသုံးစွဲခဲ့ကြ၍ ဖြစ်သည်။ ကျင့်ကြံသူတစ်ယောက်တွင် အသက်သွေးရည်ကြည်က လွန်စွာ အရေးကြီးလှပြီး ရှင်သန်ဖို့အတွက် အဓိက ထောက်တိုင်တစ်ခု ဆိုလည်း မမှားချေ ။ အသက်သွေးရည်ကြည် ခမ်းခြောက်သွားပါက ထိုသူသည် ချွင်းချက်မရှိ သေဆုံးသွားရမည် ဖြစ်သည်။ ဒါကြောင့်လည်း ကျင့်ကြံသူ အချို့က သူတို့ရဲ့ အသက်သွေးရည်ကို ခမ်းခြောက်မသွားစေအောင် ထိန်းသိမ်းပြီး နှစ်ပေါင်းများစွာကြာအောင် ရှင်သန်နေထိုင်လေ့ရှိကြသည်။ဒဏ္ဍာရီလာ မှတ်တမ်းတွေအရဆိုလျှင် အသက်သွေးရည်ကြည်တစ်စက်ရှိခြင်းကပင် လူတစ်ယောက်ကို နှစ်ပေါင်းတစ်သောင်းထိ ရှင်သန်စေဖို့ လုံလောက်သည်ဟု ဆိုကြသည်။ ဒါကိုကြည့်ခြင်းဖြင့် အသက်သွေးရည်ကြည်ရဲ့ အရေးပါပုံကို သိရှိနိုင်ပေသည်။
ထိုစဉ် အဖိုးအို နှစ်ယောက်ရဲ့ သွေးစွမ်းအားတွေက တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာပြီး နောက်ဆုံးမှာ မိုင်ပေါင်းတစ်သောင်းအကွာအဝေးထိ ဖြန့်ကျက်လိုက်သည်။ များစွာသော ကျင့်ကြံသူတွေမှာ သွေးစွမ်းအားနှစ်ခုရဲ့ ကြောက်မက်ဖွယ် ပျံ့နှံ့နိုင်စွမ်းကို ကြည့်ပြီး ကြီးစွာ တုန်လှုပ်ကြရသည်။
" ဘန်း...."
ထိုစဉ် အဖိုးအိုနှစ်ယောက်က လီကွမ်ရီကို အေးစက်စွာ ကြည့်ပြီး သူတို့ရဲ့ လက်ကို ရုတ်တရက် ဝေ့ရမ်းလိုက်သည်။ ချက်ချင်းပင် သွေးနီရောင်မိုးစက်တွေ ရွာကျလာပြီး လီကွမ်ရီရဲ့ ခန္ဓာကိုယ်ပေါ်သို့ အညာအတာကင်းမဲ့စွာ ကျဆင်းကြသည်။ လီကွမ်ရီရဲ့ ကြီးမားတဲ့ မိစ္ဆာခန္ဓာကိုယ်ကြီးမှာ သွေးမိုးစက်တွေနဲ့ ထိမိလိုက်သည်နဲ့ ဒဏ်ရာဒဏ်ချက်တွေ ဖြစ်ကုန်ကြတော့သည်။ အချို့ဒဏ်ရာတွေဆို အနည်းငယ် နှက်ရှိုင်းသည်အထိပင် ဖြစ်သွားကြသည်။
ESTÁS LEYENDO
စစ်ဧကရာဇ် လီကွမ်ရီ Book 1 ( Ch 1 - 990 )
AventuraReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...