စစ္ဧကရာဇ္ (Chapter:86)
..................................
( ရှင်ဘုရင် အဆင့်ဆေးဝါး ၂)
.....................................
ယခုအချိန်တွင် ရှင်ဘုရင်အဆင့်ခခန္ဓာကိုယ်ဆေးဝါး သန့်စင်ခြင်းက ပြီးဆုံးသွားပြီ ဖြစ်သည်။ ထိုစဉ် လီကွမ်ရီက သူ့ရဲ့ အပေါ်အင်္ကျီကို ချွတ်ပြီး အသက်အိုးထဲကို တွန့်ဆွန့်ခြင်းမရှိဘဲ ခုန်ဝင်သွားလိုက်သည်။ သူအသက်အိုးထဲကို ရောက်တာနဲ့ ဆေးဝါးတွေက အရည်ပျော်သွားပြီး သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးအုပ်သွားတော့သည်။ချက်ချင်းပင် အသက်အိုးက ပိတ်သွားပြီး လီကွမ်ရီရဲ့ တစ်ကိုယ်လုံးကို မြင်တွေ့ရခြင်း မရှိတော့ပေ။ သို့သော် ဒါက စိုးရိမ်စရာ မရှိပေ။ အဖိုးချန်က သူ့ရဲ့ အသက်အိုးကို ကျွမ်းကျင်စွာ ထိန်းချုပ်နေသည် မဟုတ်ပါလား။ ထိုအချိန်တွင် အသက်အိုးထဲမှာ ဆေးဝါးတွေက တဖြေးဖြေးဆူပွက်လာပြီး လီကွမ်ရီရဲ့ တစ်ကိုယ်လုံးကို ဖုံးအုပ်ပြီး အသားထဲကို စိမ့်ဝင်နေကြသည်။ ယခုအချိန်တွင် သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက အနည်းငယ် နာကျင်နေသလို ခံစားနေရပြီး သူ့တစ်ကိုယ်လုံးရှိ မွေးညှင်းပေါက်လေးများမှ သန့်စင်တဲ့ ဆေးဝါးအာနိသင်တွေကို အဆက်မပြတ် စုပ်ယူနေတော့သည်။
လီကွမ်ရီက သာမာန် ခန္ဓာကိုယ်အဆင့်နဲ့ မွေးဖွားလာတဲ့ သာမာန်လူတစ်ယောက်ဖြစ်သည်။ သို့သော် သူက ငရဲထိန်းအင်မော်တယ် ခန္ဓာက်ုယ်အဆင့်ကို ရရှိရန် လေ့ကျင့်နေသည်။ ဒါကြောင့်လည်း ထိုခန္ဓာကိုယ် အဆင့်ကို ပိုင်ဆိုင်ခွင့်ရရန် သူ့အနေနဲ့ ရှင်ဘုရင်အဆင့်ဆေးဝါးကို အသုံးပြု ပြီး ရှင်ဘုရင်အဆင့် ခန္ဓာကိုယ်ကို ရရှိရန် အရင်ဆုံးလိုအပ်ပေသည်။ ဒါကြောင့်လည်း ရှင်ဘုရင်အဆင့်ဆေးဝါးနဲ့ ပေါင်းစပ်ရန် အဖိုးရှန်ရဲ့ အသက်အိုးထဲကို ခုန်ဝင်သွားခဲ့ခြင်း ဖြစ်သည်။
အသက်အိုးထဲမှာ လီကွမ်ရီရဲ့ အရိုးနဲ့ ကြွက်သားတွေက တဖြေးဖြေး ပြောင်းလဲလာပြီး ယခင်ကထက် ပို၍ သန့်စင်လာသည်။ သို့သော် သူ့ရဲ့ ပင်ကိုယ် ခန္ဓာကိုယ်အဆင့်က လွန်စွာ အားနည်းလွန်းသဖြင့် ရှင်ဘုရင် အဆင့်ဆေးဝါးနဲ့ ပေါင်းစပ်သန့်စင်ရာတွင် ထင်သလောက် လွယ်ကူချောမွေ့ခြင်း မရှိချေ ။ လီကွမ်ရီကလည်း ထိုအချင်းအရာကို နားလည်ပြီး စိတ်ရှည်စွာနဲ့ စောင့်ဆိုင်းနေခဲ့သည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ Book 1 ( Ch 1 - 990 )
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...