286 - 290

307 17 1
                                    

စစ်ဧကရာဇ်(Chapter:286)
....................................
(အဖိုးအို)
............
" ကဲ....ငါတို့သွားသင့်ပြီ၊ ဒီလောက်နဲ့ဘဲ ကျေနပ်လိုက်တော့ ဆောင်းဦးလေး "
လီကွမ်ရီက ဒေါသထွက်နေဆဲဖြစ်တဲ့ တီကောင်ကို ပြောလိုက်သည်။ တီကောင်က ချက်ချင်းနာခံလိုက်ပြီး လီကွမ်ရီနောက်ကို ပျော်ရွှင်စွာ လိုက်ပါလာခဲ့တော့သည်။ ချီရှောင်းတျယ်မှာမူ ယခုအချိန်ထိ အံ့ဩမှုတွေ ပျောက်ကွယ်မသွားသေးပေ။ ဤအရာက လူစကားပြောတတ်တဲ့ တီကောင်းတစ်ကောင်တဲ့လား.....။သူမမှာ လီကွမ်ရီကို တစ်လှည့် တီကောင်ကို တစ်လှည့်ကြည့်ရင်း အတွေးလွန်နေမိတော့သည်။

" တာအိုညီလေး...ခဏ၊ ခဏလောက် စောင့်ပါဦး ...."
ထိုစဉ် အဖိုးအိုက လီကွမ်ရီနောက် အပြေးအလွှား လိုက်ရင်း အော်ခေါ်ပြီး ဆက်ပြောသည်။
" ငါ့မှာ မျိုးနွယ်စုရဲ့ အကောင်းဆုံးအစားအစာတွေရှိတယ်၊ တာအိုညီလေးကို သုံးဆောင်ဖို့ ဖိတ်ခေါ်ပါရစေ "

လီကွမ်ရီက နောက်ပြန်လှည့်ပြီး ပြုံး၍ ပြန်ပြောသည်။
" ကောင်းတာပေါ့၊ ငါတို့ စားကြမယ် "
ပြောပြီးတာနဲ့ အဖိုးအိုနဲ့အတူ နတ်ကွန်းအတွင်းသို့ ပြန်ဝင်လိုက်သည်။

အဖိုးအိုမှာ အလွန်အမင်း ပျော်ရွှင်သွားပြီး အစားအသောက်တွေ ပြင်ဆင်ဖို့ အခန်းတစ်ခုထဲသို့ ဝင်သွားလိုက်သည်။ အချိန်ခဏ ကြာပြီး နောက်မှာ အဖိုးအိုက စားသောက်စရာတွေ ပြင်ဆင်ပြီး ပြန်ထွက်လာခဲ့သည်။

" ဟမ်...အဇူရာဖီးနစ်ရဲ့အသဲ၊ ကောင်းကင်မြက်၊ ရေခဲလိပ်၊ နဂါးမျက်လုံး၊ ရှားပါးဝါးမြစ် ......."
တီကောင်က အဖိုးအို ချပေးတဲ့ ဟင်းပွဲကို ကြည့်ပြီး ထိန်းမနိုင်သိမ်းမရ အော်ဟစ်သည်။
" အနံ့ဆိုးတဲ့ အဖိုးကြီး၊ ဒီစားစရာတွေ ကျွေးတဲ့ အတွက် ငါ့ပစ္စည်းတွေ ခိုးယူတာကို ခွင့်လွတ်ပေးလိုက်ပြီ "
တီကောင်က ပြောပြောဆိုဆိုနဲ့ လီကွမ်ရီကိုပင် မစောင့်တော့ဘဲ အစားအစာတွေကို စတင်ယူစားလိုက်တော့သည်။

အဖိုးအိုကား အစားအသောက်ကို ခုန်မင်သူတစ်ယောက် ဖြစ်သည်။ တီကောင်က ဗန်းထဲမှ အစားအစာတွေကို တစ်ဖြဲနှစ်ဖြဲ စားနေတာ ‌ကြည့်ပြီး သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။
" ငါ့အတွက်လည်း ချန်ထားဦး၊ ဒါက မင်းအတွက်ဘဲ မဟုတ်ဘူး၊ အားလုံးအတွက် ယူလာတာ "

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now