စစ်ဧကရာဇ်(Chapter:761)
(မင်ယဲ့ရွယ်ရဲ့ အစီအစဉ်)
......................................
နောက်ဆုံးမှာတော့ အဘွားပိုင်မှာ ဘာဆက်ပြောရမှန်း မသိတော့ပေ။ လီကွမ်ရီနဲ့ ချောင်ကောယောင်တို့ရဲ့ ပြဿနာကြား ရှန်းဘိုးဘေး ဝင်ရောက်လာခြင်းမှာ သူဖြေရှင်းလို့ရသည့် အတိုင်းအတာ မဟုတ်တော့ပေ။ ရှန်းဘိုးဘေးရဲ့ ဩဇာလွှမ်းနိုင်စွမ်းက သူ့ထက် များစွာ သာလွန်ပေသည်။"ကျန်တဲ့ ဘိုးဘေးတွေကရော ဒီကိစ္စကို ဘယ်လိုထင်ကြသလဲ အဘွား"
ထိုစဉ် မင်ယဲ့ရွယ်က အဘွားပိုင်ကို မေးလိုက်ပြန်သည်။အဘွားပိုင်က မချိပြုံး ပြုံးလိုက်သည်။ ပြီးမှ ခေါင်းခါရမ်းရင်း ပြန်ပြောသည်။
"ဘိုးဘေးတွေက ဘာမှ မပြောကြဘူး သခင်မလေး၊ သူတို့အားလုံးက ဒီပြဿနာကို အသေးအမွားတစ်ခုလို့ပဲ ထင်မြင်ထားကြတယ်လေ၊ လီကွမ်ရီက ဂျူနီယာတစ်ယောက်ဖြစ်လို့ သူတို့အားလုံးက စိုးရိမ်စရာမလိုဘူးလို့ ယူဆထားကြတယ်""သခင်လေးလီက ဂျူနီယာတစ်ယောက်ဆိုတာတော့ မှန်ပါတယ်"
မင်ယဲ့ရွယ်က ခေါင်းကို တသွင်သွင် ခါရမ်းရင်း ဆက်ပြောသည်။
"ဒါပေမယ့် အသက်အရွယ်ကို ကြည့်ပြီး အားလုံးကို ဆုံးဖြတ်လို့ မရဘူးလေ၊ သူပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေက အရမ်းမြင့်မားတယ်၊ အထင်သေး လျှော့တွက်ထားမယ်ဆိုရင် ဆုံးရှုံးမှု ကြီးကြီးမားမားနဲ့ ရင်ဆိုင်သွားရနိုင်တယ်""ဒါပေမယ့် လူတိုင်းက သခင်မလေး တွေးသလို မတွေးကြဘူးလေ"
အဘွားပိုင်က စိတ်ပျက်လက်ပျက် ဆက်ပြောသည်။
"ငါတို့နိုင်ငံက ခိုင်မာတဲ့ တာအိုအုတ်မြစ်တစ်ခု ရှိထားပြီးပြီ၊ ငါတို့လို လူတွေ မပြောနဲ့ ဘိုးဘေးတွေရဲ့ အတွေးထဲမှာတောင် အယ်လ်ခမီနိုင်ငံကို ဖျက်ဆီးနိုင်သူ မရှိဘူးလို့ ထင်ထားကြတယ်၊ ဒါကြောင့် အားလုံးက ရှန်းဘိုးဘေးတစ်ယောက်ထဲနဲ့ လီကွမ်ရီကို ကိုင်တွယ်န်ုင်တယ်လို့ ယူဆထားတယ်လေ၊ ဒါကြောင့်မို့လည်း ဘယ်သူကမှ အရေးမလုပ်ကြတာပေါ့""ဒါဆို ရှန်းဘိုးဘေး သေသွားရင် ဘာလုပ်ကြမှာလဲ"
မင်ယဲ့ရွယ်က လေးလေးနက်နက် ပြန်မေးသည်။
VOCÊ ESTÁ LENDO
စစ်ဧကရာဇ် လီကွမ်ရီ Book 1 ( Ch 1 - 990 )
AventuraReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...