စစ်ဧကရာဇ်(Chapter:726)
(အလှဘုရင်မ)
.......................
လီကွမ်ရီက သူ့ရှေ့မှ အမျိုးသမီးကြီးကို တည်ငြိမ်စွာ ကြည့်သည်။ ထိုအမျိုးသမီးထံမှ ကြောက်မက်ဖွယ်အရှိန်အဝါတွေ ထွက်ပေါ်နေသော်လည်း သူက တုန်လှုပ်ခြင်းအလျဉ်းမရှိပေ။ သူက အမျိုးသမီးကြီးကို အေးစက်စွာ ပြောသည်။
" ငါက အခြားသူတွေရဲ့ အမြင်ကို ဂရုစိုက်လေ့မရှိဘူး၊ ရထားလုံးထဲက တစ်စုံတစ်ယောက် ထွက်မလာရင်တော့ ရထားလုံးကို တစ်စစီ ခွဲပစ်ရလိမ့်မယ်၊ ငါ့ရဲ့ စိတ်ရှည်သီးခံနိုင်စွမ်းက အကန့်အသတ်ရှိတယ်......."" မင်း...မင်း..."
အမျိုးသမီးကြီးမှာ လီကွမ်ရီရဲ့ ရင့်သီးတဲ့ စကားလုံးတွေကြောင့် အလွန်အမင်း ဒေါသထွက်သွားရတော့သည်။ ဆေးကျောက်တုန်းကမ္ဘာကြီးရဲ့ နာမ်ပါတ်တစ် ပါရမီရှင်ဟု သတ်မှတ်ခံထားရတဲ့ ယဲ့ချင်းချန်ပင်လျင် သူ့ကို ဤကဲ့သို့ မပြောဆိုဝံ့ပေ။ သို့သော် လီကွမ်ရီက မောက်မောက်မာမာနဲ့ ပြောဆိုနေခဲ့သည်။" အဖွားက သဘောကောင်းပါတယ်...."
ထိုစဉ် ရထားလုံးအတွင်းမှ သာယာချိုမြိန်တဲ့အသံလေး ထွက်လာခဲ့သည်။ ထိုအသံကို ကြားလိုက်ရတဲ့ မည်သူမဆို ရှုတ်ထွေးနေတဲ့ စိတ်ကို ရွှင်လန်းပြီး ဒေါသထွက်နေလျင်ပင် ချက်ချင်း ပြေပျောက်သွားရမည်ဖြစ်သည်။အမျိုးသမီးကြီးမှာ မိန်းမပျိုလေးရဲ့ အသံကြောင့် သူမရဲ့ ဒေါသတွေကို ချုပ်ထိန်းလိုက်သည်။ သို့သော် လီကွမ်ရီကိုတော့ အခဲမကြေနိုင်သေးတဲ့ မျက်လုံးတွေနဲ့ ကြည့်နေဆဲဖြစ်သည်။
ထိုအချိန်မှာပင် တံခါးဖွင့်သံသဲ့သဲ့ ကြားရပြီး ရထားလုံးအတွင်းမှ မိန်းကလေးတစ်ယောက် ထွက်လာခဲ့သည်။ သူမရဲ့ အလှတရားက ကမ္ဘာပေါ်ရှိ မိန်းကလေးတွေမဆိုထားနဲ့ 'နေနဲ့လ'ပင်လျင် ရှက်ရွှံ့သွားရလောက်အောင် ကျက်သရေရှိလွန်းလှသည်။
ပြိုင်ဘက်ကင်းအလှပိုင်ရှင်....မှန်သည်။ ယခုမိန်းကလေးက ညွှန်းဆိုဖို့ စကားလုံးမရှိသည်အထိ တကယ့်ကို လှပလွန်းလှသည်။ ဆေးကျောက်တုန်းကမ္ဘာကြီးရဲ့ အလှဆုံးမိန်းကလေးဟု ပြောလျင်ပင် သူမအတွက် မလုံလောက်သေးပေ။ ခေတ်အဆက်ဆက် အလှဆုံးသော နတ်မိမယ်လေးတစ်ပါးဟု ပြောမှာသာ သူမအတွက် တော်ကာကျပေလိမ့်မည်ဖြစ်သည်။ အားလုံးက သူမကို ဆေးကျောက်တုန်းကမ္ဘာကြီးရဲ့ နာမ်ပါတ်တစ် အလှဘုရင်မအဖြစ် တင်စားခေါ်ဝေါ်ကြသည်။ သို့သော် ထိုဂုဏ်ပုဒ်ကပင် သူမရဲ့ အလှတရားကို ဖော်ညွှန်းဖို့ လိုအပ်နေပေသေးသည်။
ESTÁS LEYENDO
စစ်ဧကရာဇ် လီကွမ်ရီ Book 1 ( Ch 1 - 990 )
AventuraReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...