446 - 450

261 16 0
                                    

စစ်ဧကရာဇ်(Chapter:446)
.....................................
(ဒဏ္ဍာရီဟောင်းတစ်ခု)
..............................
လီကွမ်ရီရဲ့ ရှင်းပြချက်က ချိုးရုန်ဝမ်ရွယ်ကို ရူးသွပ်မတတ် ဖြစ်သွားစေသည်။ လောကကိုပင်လှောင်နိုင်သည့် ရတနာ.....ဤသို့သော ရတနာမျိုးက တကယ့်ကို ရှားပါးပြီး တုန်လှုပ်ဖွယ်ကောင်းလွန်းလှသည်။ သူမက စိတ်လှုပ်ရှားနေဟန်နဲ့ ဆက်မေးသည်။
" ဒီ..ဒီဟာကို အင်မော်တယ်ဧကရာဇ်တစ်ယောက် အသုံးပြုခဲ့တာလား "

" မဟုတ်ဘူး၊ ဒါက အင်မော်တယ်ဧကရာဇ်ရဲ့ ရတနာမဟုတ်ဘူး၊ ဒါက ဒဏ္ဍာရီလာကမ္ဘာဦးခေတ်ထဲက ပေါ်ခဲ့တဲ့ ရတနာပါ၊ ဘယ်သူက ပြုလုပ်ဖန်တီးထားတယ်ဆိုတာတော့ ဘယ်သူမှ မသိနိုင်ဘူးလေ "
လီကွမ်ရီက ပြုံး၍ ပြန်ဖြေသည်။

" ဟင်...ဒဏ္ဍာရီလာ ကမ္ဘာဦးခေတ်က ကောလဟာလမဟုတ်ဘူးလား၊ တကယ်ရော ရှိလို့လား "
ချိုးရုန်ဝမ်ရွယ်က မယုံကြည်နိုင်ဟန်နဲ့ ပြန်မေးသည်။

လီကွမ်ရီက ချိုးရုန်ဝမ်ရွယ်ကို ခေါင်းခါပြသည်။ တကယ်တော့ လောကကိုးပါးမှာ နေထိုင်ခဲ့သူတွေကို ခေတ်လေးခေတ် ပိုင်းခြားနိုင်သည်။ ယင်းတို့မှာ တိတ်ဆိတ်ခြင်းခေတ်၊ သုတ်သင်ရှင်းလင်းခြင်းခေတ်၊ ရှေးမင်မင်းဆက်ခေတ်နဲ့ အင်မော်တယ်ဧကရာဇ်ခေတ်ဆိုပြီး ဖြစ်ကြသည်။ လက်ရှိအချိန်က အင်မော်တယ်ဧကရာဇ်ခေတ်ဟု ဆိုနိုင်ပြီး အင်မော်တယ်ဧကရာဇ်တကောင်းက နောက်ဆုံး ဧကရာဇ်တစ်ပါး ဖြစ်သည်။

အင်မော်တယ်ဧကရာဇ်တကောင်းနဲ့ နဂါးနက်ဘုရင်တို့ရဲ့ တိုက်ပွဲအပြီးမှာတော့ ကျင့်ကြံသူတွေအတွက် အမှောင်ကျသွားသည်ဟု ဆိုရမည် ဖြစ်သည်။ သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲက လွန်စွာ ပြင်းထန်လွန်းရကား ကောင်းကင်လမ်းကြောင်းတွေ ပျက်စီးပြီး ခက်ခဲတဲ့ တာအိုခေတ်ကို ရောက်သွားစေခဲ့သည်။ ဒါ့အပြင် လောကကိုးပါးဟု ခေါ်ဆိုတဲ့ ကမ္ဘာတစ်ခုနဲ့ တစ်ခုလည်း ဆက်သွယ်သွားလာဖို့ မလွယ်ကူတော့ပေ။ ကျင့်ကြံရာမှာလည်း လွန်စွာ ခက်ခဲတဲ့ အခြေအနေတစ်ခုကို ရောက်ရှိသွားပြီး လွန်စွာ ပါရမီရှိတဲ့သူတွေမှသာ မြင့်မားတဲ့အဆင့်တွေကို ရောက်ရှိနိုင်ကြတော့သည်။ ဒါကြောင့်လည်း အင်မော်တယ်ဧကရာဇ်တကောင်းနောက်ပိုင်း နောက်ထပ် အင်မော်တယ်ဧကရာဇ်တစ်ယောက် ပေါ်ထွက်မလာနိုင်သေးခြင်း ဖြစ်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Wo Geschichten leben. Entdecke jetzt