၆၆ - ၇၀

468 25 0
                                    

စစ်​ဧကရာဇ်​( Chapter:66)
..................................
( လက်တစ်ဖက်ထဲ လှုပ်ရှားပြီး တိမ်စိုင်နဲ့ မိုးသားကို ဖြစ်ပေါ်လာစေခြင်း ၂)
..............................................................
ပထမအကြီးအကဲရှေ့ကို ရောက်လာတဲ့ တပည့်က လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး ပြောလိုက်သည်။
" အကြီးအကဲ ကို လေးစားပါတယ်၊ ပထမအကိုလေးက ကျွန်တော်တို့ကို ရတနာနွယ်ပင် ကျင့်စဉ်ကို သင်ကြားပေးခဲ့ပါတယ် "

" ပြန်ပြောပါ၊ မင်းတို့ပထမအကိုလေးက ဘာတွေသင်ပေးခဲ့တာလဲ၊ မင်းပြောတာကို ငါနည်းနည်းဘဲ ကြားလိုက်ရတယ် "

ထိုတပည့်မှာ ပထမအကြီးအကဲရဲ့ရှေ့မှာ အနည်းငယ်မှ မလေးမစား မလုပ်ရဲဘဲ တုန်တုန်ရင်နဲ့ ဖြေကြားနေရသဖြင့် ပထမအကြီးအကဲက သိပ်မကြားလိုက်ရဘဲ ပြန်မေးလိုက်ခြင်း ဖြစ်သည်။ ဒါကြောင့် ထိုတပည့်က နောက်တစ်ကြိမ်ပြန်ပြောလိုက်သည်။

တပည့်ရဲ့ စကားတွေကို ကြားပြီး ပထမအကြီးအကဲအကြီးအကဲရဲ့ အမူအယာတွေက ပြောင်းလဲသွားသည်။ပထမအကြီးအကဲလိုလူတစ်ယောက်က တော်ရုံတန်ရုံအရာလောက်နဲ့ မအံ့သြတတ်ပေ။ သို့သော် ကျန်တဲ့ အကြီးအကဲတွေနဲ့ ကာကွယ်စောင့်ရှောက်သူ အားလုံးမှာ ဟန်မဆောင်နိုင်လောက်အောင် ဖြစ်သွားကြပြီး အံ့အားသင့်နေကြသည်။

ပထမအကြီးအကဲက ထိုတပည့်ရဲ့ စကားကို သိပ်မယုံကြည်သေးဘဲ နောက်ထပ်တစ်ကြိမ် ပြန်မေးလိုက်သည်။
" ဒီကျင့်စဉ်ကို မင်းတို့ရဲ့ပထမအကိုလေးက သင်ပေးခဲ့တယ်ဆိုတာ တကယ်လား "

ထိုတပည့်က ရိုးသားတဲ့ပုံစံနဲ့ ပြန်ဖြေသည်။
" ကျွန်တော် အကြီးအကဲကို လေးစားပါတယ်၊ ကျွန်တော် မလိမ်ဝံ့ပါဘူး၊ အခုပြောတာတွေက အမှန်တရားတွေချည်းပါ "

ပထမအကြီးအကဲက အခုအချိန်ထိ သိပ်မယုံကြည်ချင်သေးပေ။ သူ့က အခြားတပည့်အချို့ကို တစ်ယောက်ချင်း ခေါ်ယူစစ်ဆေးကြည့်လိုက်သည်။ သူတို့အားလုံးကလည်း အရင်ဆုံးပြောသွားတဲ့ တပည့်ရဲ့ စကားအတိုင်း ဖြေဆိုကြပြီး ဘာတစ်ခုမှ ကွဲလွဲခြင်း မရှိချေ။ ထိုအခါမှ ပထမအကြီးအကဲ အပါအဝင် ကျန်တဲ့ အကြီးအကဲအားလုံးနဲ့ ကာကွယ်စောင့်ရှောက်သူအားလုံးမှာ တုန်လှုပ်ခြောက်ခြားသွားကြရသည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Dove le storie prendono vita. Scoprilo ora