846 - 850

180 16 0
                                    

စစ်ဧကရာဇ်(Chapter:846)
(သားရဲနတ်ဘုရားရဲ့မူလအစ)
.............................................
     "သားရဲနတ်ဘုရားရဲ့ သွေးလား"လုံကျင့်ရှန်းက စိတ်လှုပ်ရှားနေဟန်နဲ့ ဆက်ပြောသည်။
     "ငါလည်း ဒီလိုပုံစံ သွေးကို အသုံးပြုဖူးတယ်၊ ငါတို့ရဲ့ ဘိုးဘေး အင်မော်တယ်ဧကရာဇ်ယွီရှို့ရဲ့ သွေးတစ်စက်က သားရဲနန်းတော်မှာ ကျန်ရှိနေသေးတယ်လေ၊ နောက်ဆက်ခံတဲ့ ဘိုးဘေးအဆက်ဆက်က အဲ့ဒါကို ထိန်းသိမ်းထာခဲ့ကြတယ်၊ ငါ့ကို မွေးပြီးချိန်မှာတော့ သူတို့က အဲ့ဒီသွေးစက်ကို ငါ့အတွက် အသုံးပြုခဲ့ကြတာလေ"

     "မင်းက အရမ်းကံကောင်းတယ်၊ အင်မော်တယ်ဧကရာဇ် ယွီရှို့သာ ဒီလို တန်ဖိုးရှိတဲ့အရာကို ချန်မထားရင် မင်းကို အခုအချိန်ထိ အသက်ရှင်လျက်တွေ့ဖို့ဆိုတာ မလွယ်ဘူး"လီကွမ်ရီက လုံကျင့်ရှန်းကို ကြည့်ပြီး အသာအယာ ခေါင်းညိတ်ပြသည်။

     အင်မော်တယ်အဆင့် ကံစွမ်းအားနဲ့ မွေးဖွားလာသူတွေက အသက်ရှင်ဖို့ မလွယ်ပေ။ မွေးဖွားပြီးတာနဲ့ မိုးကောင်းကင်ရဲ့ အပြစ်ဒဏ်ကို ကြုံရပြီး သေဆုံးသွားကြရသည်။ သို့ပေမယ့် သားရဲနန်းတော်က လုံလောက်တဲ့ အရင်းအမြစ်တွေ ပိုင်ဆိုင်ထားခဲ့သည်။ သူတို့က နှမျှောတွန့်တိုခြင်းမရှိဘဲ လုံကျင့်ရှန်းအတွက် အရာရာ ပုံအပ်ပြီး လောင်းကြေးထပ်ခဲ့ကြသည်။ ဒါက ကြီးမားတဲ့ အလောင်းအစားတစ်ခု ဖြစ်ပေမယ့် အင်မော်တယ်အဆင့် ကံစွမ်းအားပိုင်ရှင် မျိုးဆက်တစ်ယောက်ကို ပိုင်ဆိုင်ရပါက ဆုံးရှုံးရတာတွေအတွက် ကာမိသည်ဟု ဆိုနိုင်ပေသည်။

     လီကွမ်ရီက မိန်းကလေးနှစ်ယောက်ကို တစ်ချက်ကြည့်ရင်း ဆက်ရှင်းပြသည်။
     "ပိုင်အန်းသားရဲကမ္ဘာရဲ့ ဘိုးဘေးတွေက သူတို့တွေ့ခဲ့တဲ့ အရိုးတွေကို သန့်စင်ခဲ့ပြီး စစ်မှန်တဲ့ သားရဲနတ်ဘုရားရဲ့ သွေးကိုလည်း ထုတ်ယူစုဆောင်းခဲ့ကြတယ်၊ ပြီးတော့ အဲ့ဒီသွေးကို သူတို့ရဲ့ သက်ရှည်သွေးရည်ကြည်တွေနဲ့ ပေါင်းစပ်ခဲ့ကြတယ်လေ၊ ဒါကြောင့်လည်း သူတို့ရဲ့သွေးမျိုးဆက်က နတ်ဆိုးအနွယ်ဝင်တွေထဲမှာ စင်ကြယ်ပြီး အသန့်ရှင်းဆုံးလို့ ကြွေးကြော်ရဲခဲ့ကြတာပေါ့၊ အဲ့ဒီသွေးမျိုးဆက်ကို သူတို့ရဲ့မျိုးဆက်တွေက ဆက်ခံနိုင်ခဲ့ကြတယ်၊ ဒါက အရမ်းအံ့အားသင့်စရာကောင်းတဲ့ အခြေအနေတစ်ခုလို့ ပြောရင်လည်း မမှားဘူး"

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now