စစ်ဧကရာဇ်(Chapter:656)
(ဟွမ်ဖုကလန်ရဲ့လက်တုန့်ပြန်မှု)"ဟင်၊ သူတို့တွေက မြို့ထဲကို ရောက်လာကြပြီလား"ကျစ်ယန်က စိတ်ရှုပ်ထွေးနေဟန်နဲ့ ထင်းရှူးနတ်ဆိုးဘုရင်ကို ပြန်မေးသည်။
ထင်းရှူးနတ်ဆိုးဘုရင်မှာ အလွန်အမင်း တုန်လှုပ်နေဆဲ ဖြစ်သည်။ သူက တုန်တုန်ရင်ရင်နဲ့ ပြန်ဖြေသည်။
"သူတို့က ဝါးဘီလူးမြို့တော်ရဲ့အပြင်ဘက်မှာပဲ ရှိနေပါတယ်၊ လောလောဆယ် သူတို့အဖွဲ့က လင်းယုန်နတ်ဆိုးဘုရင်ထံ စာတစ်စောင် ပို့ထားပါတယ်၊ စာထဲမှာတော့ ဟွမ်ဖုဟောင် ကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်ပေးဖို့ တောင်းဆိုထားပါတယ်"မကြာသေးခင်က ဆေးဥယျာဉ်အတွင်း တိုက်ခိုက်ခံရမှုကြောင့် ဟွမ်ဖုဟောင်မှာ ဒဏ်ရာအပြင်းအထန် ရသွားခဲ့သည်။ သူက အသက်သေဆုံးခြင်း မရှိပေမယ့်လည်း ပြင်းထန်တဲ့ ဒဏ်ရာအများအပြား ရသွားခဲ့ပြီး အချိန်အတော်ကြာသည်အထိ အိပ်ယာထဲ လဲလျောင်းနေခဲ့ရသည်။ ဟွမ်ဖုကလန်ရဲ့ဘိုးဘေးကိုယ်တိုင် ကုသပေး၍သာ သူ့ရဲ့ဒဏ်ရာတွေက ပြန်လည်ကောင်းမွန်လာခဲ့ခြင်း ဖြစ်သည်။ ဒဏ်ရာ ပျောက်သွားပြီးနောက်မှာတော့ ဟွမ်ဖုဟောင်က သူ့ရဲ့အရှက်ခွဲ ခံရမှုအတွက် လက်စားချေပေးဖို့ ဘိုးဘေးကို တောင်းဆိုခဲ့သည်။ သူ့အနေနဲ့ အားလုံးရဲ့အရှေ့မှာ အရှက်ခွဲခံခဲ့ရတဲ့ အဖြစ်အပျက်ကို ဘယ်လိုမှ ကျေအေးပေးနိုင်မည် မဟုတ်ပေ။
***
လက်ရှိအချိန်မှာတော့ ကျစ်ယန်ရဲ့မျက်နှာအသွင်အပြင်က တစ်ကိုယ်လုံး အေးစက်နေခဲ့ပြီ ဖြစ်သည်။ အခြားတစ်ဖက်တွင် ထင်းရှူးနတ်ဆိုးဘုရင်ကတော့ နဖူးပြင်မှ ချွေးစေးတွေ စီးကျလာရတော့သည်။ သူက ကျစ်ယန်ကို တုန်တုန်ရင်ရင်နဲ့ ပြောသည်။
"အခြေအနေက မကောင်းလောက်ဘူး တော်ဝင်ဘုရင်မ၊ သူ့တို့ကျေနပ်အောင် ဖြေရှင်းချက်မပေးရင် တိုက်ပွဲတစ်ခု ဖြစ်သွားနိုင်တယ်၊ အဲ့လိုဆိုရင် လင်းယုန်နတ်ဆိုးဘုရင်တို့အဖွဲ့က ခုခံနိုင်မှာ မဟုတ်ဘူး"ကျစ်ယန်က အေးစက်စွာ ပြုံးလိုက်မိသည်။ ယခင်ကတည်းက ဝါးဘီလူးနိုင်ငံကို ကျူးကျော်ရန် အဖွဲ့အစည်းအမျိုးမျိုးက ဆန္ဒရှိခဲ့ကြသည်။ သို့သော် ယခု အဖြစ်အပျက်တွေ မတိုင်မီအထိတော့ မည်သူကမှ ပေါ်ပေါ်ထင်ထင် ရန်စ စော်ကားလာခြင်း မရှိပေ။ ယခုတော့ ဟွမ်ဖုကလန်က ဟွမ်ဖုဟောင်ရဲ့ အဖြစ်အပျက်ကို အကြောင်းပြပြီး ဝါးဘီလူးနိုင်ငံကို ကျူးကျော်ဖို့ ခြေတစ်လှမ်း စတင်လှမ်းလာခဲ့ပြီ ဖြစ်သည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ Book 1 ( Ch 1 - 990 )
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...