စစ်ဧကရာဇ်(Chapter:456)
.....................................
(အမှောင်ပင်လယ်မှာ ဆုံစည်းခြင်း)
.............................................
အမှောင်ပင်လယ်ပြောင်းလဲသွားတဲ့ သတင်းက သင်္ချိုင်းနယ်မြေအတွင်းသာမက ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးကိုပင် တစ်မုဟုတ်ချင်း ပျံ့နှံ့သွားသည်။ ထိုသတင်းက အားလုံးကို တုန်လှုပ်သွားစေပြီး ကြီးမားတဲ့ အပြောင်းအလဲတစ်ခုဖြစ်တော့မည်ဟု ကျင့်ကြံသူတိုင်းက ခန့်မှန်းထားကြသည်။ ဂိုဏ်းအသီးသီးက ထိုသတင်းကို စိတ်ဝင်စားကြပြီး သင်္ချိုင်းနယ်မြေသို့ လာရောက်ရန် ဆုံးဖြတ်လိုက်ကြတော့သည်။ သွေးသားစွမ်းအင် ကုန်ဆုံးခါနီး ဘိုးဘေးတွေပင် ထိုသတင်းကြောင့် အံ့အားသင့်နေကြတော့သည်။" အမှောင်ပင်လယ်က တကယ်ပြောင်းလဲသွားတာလား..."
ဘိုးဘေးတစ်ယောက်က မယုံသင်္ကာနဲ့ ရေရွတ်သည်။ နှစ်ပေါင်းများစွာ ကတည်းက အမှောင်ပင်လယ်မှာ အနက်ရောင်ရေတစ်မျိုးထဲ ဖြစ်သည်။ ဒါ့အပြင် ထိုရေက စကြာဝဌာအဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် အစအနရှာမရအောင် လောင်ကျွမ်းသွားစေနိုင်သေးသည်။ ယခုတော့ အမှောင်ပင်လယ်ရေက ကြည်လင်သန့်ရှင်းပြီး ကျင့်ကြံသူတွေကို အန္တရာယ်မဖြစ်စေနိုင်ကြောင်း သတင်းတွေ ထွက်လာ၍ အားလုံးမှာ မယုံမရဲ ဖြစ်နေကြတော့သည်။အပြင်လောကကို မထွက်တော့ဘဲ ကျင့်ကြံနေကြတဲ့ ဘိုးဘေးတွေပင် ထိုသတင်းကြောင့် အပြင်ကို ထွက်လာခဲ့ရတော့သည်။ ယခုအဖြစ်အပျက်တွေက သူတို့ရဲ့ စိတ်ထဲမှာ ဇဝေဇဝါ ဖြစ်နေစေတော့သည်။ ပထမတစ်ကြိမ် ဒဏ္ဍာရီလာကျွန်း ပေါ်လာပြီး သိပ်မကြာခင် ပြန်လည်ပျောက်ကွယ်သွားသည်။ ယခုတော့ အမြဲတန်း ပုံမပျက်တည်ရှိနေတဲ့ အမှောင်ပင်လယ်က ပြောင်းလဲသွားပြန်သည်။ ဤနှစ်ချက်က ကြီးမားတဲ့ အပြောင်းအလဲ တစ်ခုတော့ ဖြစ်တော့မည်ဆိုတာကို အားလုံးက ခန့်မှန်းနေကြသည်။ သို့သော် ဘာတွေ ဖြစ်လာမည်ဆိုတာကိုတော့ မည်သူကမှ မပြောနိုင်ကြပေ။
" ဆိုးယုတ်တဲ့ သင်္ချိုင်းက ပွင့်တော့မှာလား၊ တစ်ယောက်ယောက်ကများ သင်္ချိုင်းသော့ကို ရှာတွေ့သွားပြီလား "
ဘိုးဘေးတစ်ယောက်က တိုးညှင်းစွာ ရေရွတ်သည်။ သင်္ချိုင်းကို တစ်ယောက်ယောက်က ဖွင့်နိုင်တော့မည်ဟု သူတစ်ယောက်ထဲက တွေးမိခြင်း မဟုတ်ပေ။ အခြားဂိုဏ်းအသီးသီးရဲ့ ဘိုးဘေးအားလုံးကလည်း ထိုကဲ့သို့ တွေးနေကြသည်။ အချို့သော ဂိုဏ်းတွေဆိုရင် တွန့်ဆုတ်မနေကြဘဲ သူတို့ရြဲ လူငယ်ပါရမီရှင် အားလုံးကို သင်္ချိုင်းမြေသို့ အလျင်အမြန် စေလွတ်ကြသည်။
ESTÁS LEYENDO
စစ်ဧကရာဇ် လီကွမ်ရီ Book 1 ( Ch 1 - 990 )
AventuraReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...