စစ်ဧကရာဇ်(Chapter:581)
(အင်မော်တယ်ခန္ဓာကိုယ် ၂မျိုး)ရွှံ့နွံဂိုဏ်းက နတ်ဘုရားအမိန့်တော်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ခဲ့တာတော့ မဟုတ်ပေ။ ရွှံ့နွံဂိုဏ်းရဲ့အကြီးအကဲတစ်ယောက်က တမန်တော်ကို ပြောသည်။
"ငါတို့က အမိန့်ကို မဆန့်ကျင်ချင်ပါဘူး၊ ဒါပေမယ့် ငါတို့ဂိုဏ်းချုပ်က ရာထူးစွန့်ပြီး ဘုန်းတော်ကြီး ဝတ်နေတယ်၊ ဒါကြောင့် ဂိုဏ်းအတွင်းက အခြေအနေတွေ မငြိမ်သက်သေးဘူးလေ၊ ဒီတော့ နတ်ဘုရားအမိန့်တော်ကို ဖော်ဆောင်ဖို့ အင်အား မရှိသေးပါဘူး"ရွှံ့နွံဂိုဏ်းရဲ့ဆင်ခြေက ကျိုးကြောင်း ဆီလျော်သည်ဟု ဆိုနိုင်ပေသည်။ ဒီဆင်ခြေက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ တမန်တော်အနေနဲ့ ဘာမှ စောဒကတက်လို့မရပေ။ သူတို့အနေနဲ့ ရွှံ့နွံဂိုဏ်းကို အတင်းအကြပ် ခိုင်းစေဖို့အထိတော့ မရူးမိုက်ရဲသေးပေ။
အမှန်တကယ်လည်း ရွှံ့နွံဂိုဏ်းရဲ့အကြောင်းပြချက်က မမှားပေ။ သူတို့ဂိုဏ်းချုပ်အဖြစ် ခန့်အပ်ထားတဲ့ ကျန့်ရွှမ်က ဂိုဏ်းမှ ရှောင်တိမ်းပြီး ဘုန်းတော်ကြီး ဝတ်နေခဲ့သည်။ ဒါက လျှို့ဝှက်ချက်တစ်ခု မဟုတ်ဘဲ ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံး သိရှိထားကြသည်။
နောက်ဆုံးတွင် အရိုးပလ္လင်ဂိုဏ်းနဲ့ ရွှံ့နွံဂိုဏ်းတို့က နတ်ဘုရားအမိန့်တော်ကို ငြင်းပယ်ခဲ့ကြသည်။ ဒါပေမယ့် အခြားသော အင်အားကြီးဂိုဏ်းတွေနဲ့ နိုင်ငံတွေကတော့ ငြင်းပယ်ခဲ့ခြင်း မရှိဘဲ နတ်ဘုရားအမိန့်တော်ကို အကောင်အထည်ဖော်ဖို့ စတင်ခဲ့ကြတော့သည်။ သူတို့က လက်ရွေးစင်စစ်သည်အများအပြားကို ရွေးထုတ်ပြီး လူသားတွေ အခြေစိုက်ရာ ဝေးလွင့်တိမ်တိုက်ဒေသကို ပို့ဆောင်လိုက်ကြတော့သည်။
လူသားမျိုးနွယ်တွေမှာမူ သူတို့အပေါ်ကျရောက်လာမယ့် အန္တရာယ်ကို သတိမမူမိကြသေးပေ။ နတ်ဘုရားအမိန့်တော်က လျှို့ဝှက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည့်အပြင် ဝေးလွင့်တိမ်တိုက်ဒေသက လွန်စွာ ဝေးကွာလွန်းလှသည်။ ဒါကြောင့် အားလုံးက အန္တရာယ်ကို မျှော်လင့်ထားခြင်း မရှိဘဲ ပျော်ပျော်ရွှင်ရွှင်ပင် သွားလာလှုပ်ရှားနေကြဆဲ ဖြစ်သည်။
***
အခြားတစ်ဖက်တွင် လီကွမ်ရီကတော့ ပြင်ပကိစ္စတွေကို ဘာမှမသိဘဲ မရဏလမ်းကြောင်းအတွင်း ရှိနေဆဲဖြစ်သည်။ တစ္ဆေသစ်မြစ်က ရေကန်အတွင်းမှ ရေတွေကို စုပ်ယူပြီး သူ့ရဲ့အတွင်းပိုင်းခန္ဓာကိုယ်နှစ်ခုကို အဆက်မပြတ် သွန်းလောင်းကြသည်။ တဖြည်းဖြည်းနဲ့ ငရဲထိန်းချုပ်ခြင်း အင်မော်တယ်ခန္ဓာကိုယ်က သက်ဝင်အားကောင်းလာခဲ့ပြီး သူ့ရဲ့ တာအိုအုတ်မြစ်က ခွန်ပန်အဖြစ် ပြောင်းလဲခဲ့သည်။ တစ်ချိန်ထဲမှာ သူ့ရဲ့စစ်မှန်တဲ့ ကံစွမ်းအားက အင်မော်တယ်ခန္ဓာကိုယ်ကို တစ်နည်းတစ်ဖုံ ထောက်ပံ့နေခဲ့ကြသည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ Book 1 ( Ch 1 - 990 )
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...