စစ်ဧကရာဇ်(Chapter:516)
(တောင်ထိပ်ဖျားရှ်ိ ကံကြမ္မာကျောက်တုန်း)လန်ယွင်ကျူးမှာ လီကွမ်ရီရဲ့စကားကြောင့် ပို၍ပင် ဒေါသထွက်သွားရသည်။ သူမက လီကွမ်ရီကို ဒေါသတကြီး စိုက်ကြည့်ရင်း ပြောသည်။
"ဦးလေး၊ ငါ့ကို အထင်မသေးပါနဲ့၊ အရင်က ကောင်းကင်စုဆောင်းမှု အဆင့်၈ ရှိတဲ့ ကျောက်တုန်း၃ခုက ငါ့ကို သခင်အဖြစ် လက်ခံခဲ့ဖူးတယ်၊ အခုဆိုရင် ကောင်းကင်စုဆောင်းမှု အဆင့်၉ဆိုရင်တောင် ငါစိတ်မပူတော့ဘူး"လီကွမ်ရီက ရယ်မောရင်း ပြန်ပြောသည်။
"မိန်းကလေး၊ ငါမင်းကို ပြောဖူးပါတယ်၊ ကံကြမ္မာကျောက်တုန်းရဲ့ ကောင်းကင်စုဆောင်းမှုအဆင့်က သိပ်ပြီးအရေးမပါလှဘူး၊ ဥပမာ ကောင်းကင်စုဆောင်းမှု အဆင့်၉ရှိတဲ့ ကျောက်တုန်းက မင်းကို သခင်အဖြစ် အသိအမှတ်ပြုတယ် ထားပါဦး၊ ဒါပေမယ့် ဒီထက်အဆင့်နိမ့်တဲ့ ကံကြမ္မာကျောက်တုန်းအချို့က မင်းကို လက်ခံချင်မှ လက်ခံလိမ့်မယ်၊ တရားသေ မယူဆထားပါနဲ့""ကောင်းပြီ၊ အဲ့ဒါဆို နင်နဲ့ အလောင်းအစားတစ်ခု လုပ်မယ်"
လန်ယွင်ကျူးက တက်ကြွစွာ ဆက်ပြောသည်။
"ငါနဲ့ သင့်တော်တဲ့ ကျောက်တုန်း ဘယ်မှာ ရှိလဲ ပြောပါ၊ ငါ့ကို သခင်အဖြစ် လက်ခံစေရမယ်""ကောင်းပြီ၊ ဘယ်လို အလောင်းအစား လုပ်မှာလဲ၊ ရှုံးရင် မငိုရဘူးနော်"
လီကွမ်ရီက ပြုံးပြီး ပြန်ပြောသည်။လန်ယွင်ကျူးက ပြုံးလိုက်သည်။ သူမက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိထားပြီး ရှုံးနိမ့်မည်ဟု မထင်ပေ။
"ဦးလေး၊ အခု တောင်ပေါ်တက်မယ်၊ ကံကြမ္မာကျောက်တုန်း အများဆုံး အသိအမှတ်ပြုခံရသူက အနိုင်ရမယ်၊ ဘယ်လိုလဲ၊ သဘောတူလား""ဟမ်၊ တကယ်လောင်းမှာလား၊ ငါ့ကို အနိုင်ရမယ်လို့ ထင်နေတာလား"
လီကွမ်ရီက ပြုံး၍ ပြန်ပြောသည်။လန်ယွင်ကျူးကလည်း အလျှော့မပေးပေ။ သူမက လီကွမ်ရီကို မျက်လုံးပြူးပြပြီး ပြန်ပြောသည်။
"ဦးလေး၊ ကြောက်နေတာလား၊ ငါနဲ့ မပြိုင်ရဲဘူးတော့ မပြောနဲ့နော်၊ တကယ်လို ငါ့လိုအားနွဲ့တဲ့ မိန်းမသားတစ်ယောက်ကို ဦးလေးက ရှုံးသွားရင် အများကြီး ပေးစရာမလိုပါဘူး၊ ကြယ်ရေစင်တစ်စက်ပဲ ပေးပါ"
ESTÁS LEYENDO
စစ်ဧကရာဇ် လီကွမ်ရီ Book 1 ( Ch 1 - 990 )
AventuraReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...