စစ္ဧကရာဇ္ ( Chapter:96)
....................................
( ပြီးပြည့်စုံတဲ့ နေသူတော်စင် ခန္ဓာကိုယ် ၁)
......................................................
စုယုန်ဟောင်က အံ့အားသင့်နေတဲ့ လီကွမ်ရီကို ကြည့်ပြီး မေးလိုက်သည်။
" မင်းဘာတွေ တွေးနေတာလဲ "ထိုစဉ် လီကွမ်ရီက သတိဝင်လာပြီး အလျင်အမြန် ပြောလိုက်သည်။
" ဘာမှ မဟုတ်ပါဘူး "လီကွမ်ရီ အနေနဲ့ အစောပိုင်းတုန်းက စုယုန်ဟောင်နဲ့ ဧကရာဇ်မင်ရန်တို့ရဲ့ ပတ်သက်မှု အကြောင်းကို တွေးနေမိခြင်း ဖြစ်သည်။ စုယုန်ဟောင်က ဧကရာဇ်မင်ရန်ရဲ့ မျိုးဆက်တစ်ယောက် ဖြစ်ပြီး ရှေ့ဟောင်းသန့်ရှင်းနယ်မြေဂိုဏ်းကလည်း ဧကရာဇ်မင်ရန်ရဲ့ ပိုင်ဆိုင်မှုတစ်ခုဟု ဆို၍ရသည်။ ဒါကြောင့် စုယုန်ဟောင် အနေနဲ့ ရှေ့ဟောင်းသန့်ရှင်းနယ်မြေဂိုဏ်းရဲ့ ဂိုဏ်းချုပ်နေရာရရှိနေခြင်းကို လီကွမ်ရီက ကန့်ကွက်လိုခြင်း မရှိချေ ။ သို့သော် ဂိုဏ်းရဲ့ အကြီးအကဲအားလုံးမှာ စုယုန်ဟောင်အနေနဲ့ ရှေ့ဟောင်းသန့်ရှင်းနယ်မြေဂိုဏ်းရဲ့ အရှိန်အဝါကို ပြန်လည်မြင့်တက်အောင် စွမ်းဆောင်နိုင်စွမ်းမရှိဟု ထင်မှတ်ထားကြသည်။ ဒါကြောင့်လည်း သူတို့အားလုံးက စုယုန်ဟောင်ကို ကူညီထောက်ပံ့မှုတွေ မလုပ်ပေးခြင်း ဖြစ်သည်။
"ငါ အကြီးအကဲဂူတို့ အုပ်စုနဲ့ အားလုံးကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် တိုင်ပင်လိုက်မယ်၊ မနက်ဖြန်ဆိုရင်တော့ မင်းကို ဂိုဏ်းချုပ်နေရာလွဲအပ်ပေးဖို့ အဆင်ပြေလောက်ပြီ ထင်ပါတယ် "
စုယုန်ဟောင်က လီကွမ်ရီကို စိုက်ကြည့်ပြီး ပြတ်ပြတ်သားသား ပြောလိုက်သည်။ လက်ရှိအချိန်တွင် သူမက ရှေ့ဟောင်းသန့်ရှင်းနယ်မြေဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရာထူးကို ရရှိထားသည်မှာ မှန်သည်။ သို့သော် သူမအနေနဲ့ ဂိုဏ်းချုပ်တစ်ယောက်ရဲ့ အရှိန်အဝါကို ပြည့်ပြည့်ဝဝ အသုံးမချနိုင်ခဲ့ဘဲ အကြီးအကဲအားလုံးရဲ့ ထောက်ခံမှုကိုလည်း မရရှိခဲ့ပေ။ ဒါကြောင့် ဂိုဏ်းရဲ့ အရှိန်အဝါကို ပြန်လည်မြင့်တင်ဖို့ ကြိုးစားရာတွင် အခက်အခဲများစွာ ရင်ဆိုင်နေခဲ့ရသည်။သုဘုရုမှာ စုယုန်ဟောင်ရဲ့ နောက်တွင် တိတ်ဆိတ်စွာ မတ်တပ်ရပ်နေပြီး ယခုအချိန်အထိ ဘာမှ ဝင်မပြောသေးပေ။ ထိုစဉ် လီကွမ်ရီက စုယုန်ဟောင်ကို ခဏမျှ စိုက်ကြည့်နေပြီးမှ ပြန်ပြောလိုက်သည်။
" ခင်ဗျားက ဒီကိစ္စနဲ့ ပတ်သက်ပြီး အမှားတွေ ဆုံးဖြတ်နေပြီ၊ အခုအချိန်မှာ ခင်ဗျားက ဧကရာဇ်မင်ရန်ရဲ့ ဆက်ခံသူတစ်ယောက်ဘဲ၊ ဧကရာဇ်မင်ရန်ရဲ့ ဆက်ခံသူ တစ်ယောက်က ရှေ့ဟောင်းသန့်ရှင်းနယ်မြေဂိုဏ်းရဲ့ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်ဖို့ ထိုက်တန်ပါတယ်၊ ခင်ဗျားက ဘာတွေတွေးတောနေတာလဲ.....၊ ရှေ့ဟောင်းသန့်ရှင်းနယ်မြေဂိုဏ်းရဲ့ ဂိုဏ်းချုပ်တစ်ယောက်အဖြစ်နဲ့ဘဲ ဆက်ရှိနေပေးပါ၊ ကျွန်တော်ကတော့ ခင်ဗျားရဲ့ တပည့်တစ်ယောက်အနေနဲ့ ဆက်ရှိနေပါ့မယ်၊ အကြီးအကဲဂူတို့ အုပ်စုက အနှေးနဲ့ အမြန် ခင်ဗျားကို ယုံကြည်လာလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် "
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ Book 1 ( Ch 1 - 990 )
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...