စစ်ဧကရာဇ်(Chapter:496)
(ကမ္ဘာအနှံ့ကျော်ကြားခြင်း)တိုက်ပွဲတွေ မစတင်မီကဆို နှင်းအရိပ်မျိုးနွယ်စုဝင်တွေ အားလုံးက လီကွမ်ရီအပေါ် သိပ်ပြီး မမျှော်လင့်ထားကြပေ။ သို့သော် တိုက်ပွဲ စတင်သည်နှင့် လီကွမ်ရီက ရန်သူ ထောင်ပေါင်းများစွာကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ပစ်ခဲ့သည်။ နောက်ဆုံးမှာ ဖီးနစ်မင်းသမီးပင် ရှုံးနိမ့်ပြီး ထွက်ပြေးခဲ့ရသည်။ လီကွမ်ရီက နှင်းအရိပ်မျိုးနွယ်စုဂိုဏ်းရဲ့ ကောင်းကင်ယံမှ တိမ်မဲတွေကို ရှင်းလင်းပြီး အလင်းရောင် ထွန်းလင်းစေခဲ့ခြင်း ဖြစ်ပေသည်။
အဝေးမှ ကြည့်ရှုနေတဲ့ ချိုးရုန်ဝမ်ရွယ်ပင် စိတ်လှုပ်ရှားလွန်း၍ စကားမပြောနိုင်အောင် ဖြစ်နေရသည်။ တစ်ဆက်ထဲမှာ သူမရဲ့ မျက်လုံးအိမ်ထဲမှ မျက်ရည်တွေ တသွင်သွင် စီးကျနေခဲ့ရတော့သည်။ လီကွမ်ရီက သူမနဲ့ နှင်းအရိပ်မျိုးနွယ်စုရဲ့ရန်သူတွေကို ရှင်းလင်းပေးခဲ့ခြင်း ဖြစ်သည်။
"ဟား ... ဟား၊ ငါတို့ရဲ့လူသားပါရမီရှင်က ရန်သူအားလုံးကို နှိမ်နင်းနိုင်လိမ့်မယ်"
ထိုစဉ် လူသားကျင့်ကြံသူ အများအပြားကလည်း ဝမ်းသားအားရ ကြွေးကြော်ကြသည်။ လီကွမ်ရီရဲ့ အောင်မြင်မှုက သူတို့ကိုပါ ဂုဏ်တက်စေသည်ဟု အားလုံးက ထင်မြင်ယူဆထားကြသည်။သို့သော် တစ္ဆေမျိုးနွယ်စုဝင်တွေကတော့ စိတ်အနှောက်အယှက်ကြီးစွာ ဖြစ်ကြရသည်။ သူတို့တွေအနေနဲ့ ဝေးလွင့်တိမ်တိုက်ဒေသမှ လူသားတွေကို ရှုံးနိမ့်လျှင် ဖြေသာနိုင်သေးသည်။ သို့သော် ယခုက တစ္ဆေမျိုးနွယ်စုဝင်တွေ ကြီးစိုးရာ အရှေ့ပိုင်းနယ်စပ်မှာ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ ရှုံးနိမ့်တာမှ ပိုးစိုးပက်စက် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ပြီး လီကွမ်ရီတစ်ယောက်ထဲနဲ့ ထောင်ပေါင်းများစွာကို သတ်ဖြတ်သွားခဲ့သည်။ ဒီတိုက်ပွဲက လီကွမ်ရီကို ကျော်ကြားစေမယ့် လှေခါးထစ်တစ်ခု ဖြစ်ပြီး တစ္ဆေမျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာကတော့ စုန်းစုန်းမြုတ်သွားရပြီ ဖြစ်သည်။
ပို၍ ဆိုးရွာသည်မှာ ကောင်းကင်ဘုံကမ္ဘာရဲ့ သူရဲကောင်းသုံးယောက်အဖြစ် တစ္ဆေမျိုးနွယ်စုဝင်တွေ တောက်ပနေကြသည်။ ထိုအချက်ကို ဆုပ်ကိုင်ပြီး သူတို့အားလုံက ကောင်းကင်ဘုံကမ္ဘာရဲ့ အရှင်သခင်တွေ အဖြစ် မှတ်ယူထားခဲ့ကြသည်။ သို့သော် မထင်မရှား လူသားမျိုးနွယ်တစ်ယောက် ပေါ်လာပြီး တစ္ဆေမျိုးနွယ်စုဝင်တွေရဲ့ ဂုဏ်သိက္ခာကို တစ်စစီဖြစ်အောင် ပြုလုပ်သွား၍ အားလုံးမှာ မချင့်မရဲ ဖြစ်မိနေကြခြင်း ဖြစ်သည်။
ESTÁS LEYENDO
စစ်ဧကရာဇ် လီကွမ်ရီ Book 1 ( Ch 1 - 990 )
AventuraReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...