စစ်ဧကရာဇ်(Chapter:596)
(တစ္ဆေမုဆိုးရဲ့ဒဏ္ဍာရီ)လက်ရှိခေတ်ကာလတွင် မျိုးနွယ်စုတစ်ခုစီတိုင်း၌ ရှေ့ခေတ်မှတ်တမ်းတွေ ရှိထားကြသည်။ သို့သော် တစ္ဆေမုဆိုးရဲ့ဒဏ္ဍာရီကိုတော့ မည်သည့်မှတ်တမ်းမှာမှ မတွေ့ရပေ။ ဒါကို ကြည့်ခြင်းဖြင့် တစ္ဆေမုဆိုးက မှတ်တမ်းတွေ မပြုစုရသေးတဲ့ ခေတ်ကာလကတည်းက ရှိနေသည်ဟု ယူဆနိုင်ပေသည်။
ထိုစဉ် ရှန့်ဖန်က လီကွမ်ရီကို ကြည့်ပြီး နားမလည်နိုင်စွာ မေးသည်။
"မှတ်တမ်းတွေထဲမှာတောင် မရှိတာ နင်က ဒီအကြောင်းတွေ ဘယ်လိုသိထားတာလဲ"
လီကွမ်ရီပြောပြတဲ့ အသက်နဲ့ဘဝကို ဖန်တီးသူအကြောင်းကိုလည်း သူမက ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။"ဒါက လျှို့ဝှက်ချက်ပါ"
လီကွမ်ရီက ပြုံး၍ ပြန်ပြောသည်။ ရှန့်ဖန်မှာ လီကွမ်ရီကို မကျေမနပ် လှမ်းကြည့်လိုက်မိသည်။ သို့သော် လီကွမ်ရီက မပြောပြချင်မှတော့ သူမက ဘာတတ်နိုင်တော့မည်နည်း။"တစ္ဆေမုဆိုးအကြောင်း ဆက်ပြောပြဦး"
ထိုအချိန်မှာပင် လန်ယွင်းကျူးက ဝင်ပြောသည်။လီကွမ်ရီက ခေါင်းညိတ်လိုက်ပြီး ဆက်ပြောသည်။
"အင်း၊ တစ်နေ့တော့ ချုပ်နှောင်ထားတဲ့ လည်ပတ်က မတော်တဆ ကျွတ်သွားပြီး တစ္ဆေမုဆိုးက လွတ်မြောက်သွားခဲ့တယ်၊ သူ့ကို ဖမ်းဆီးထားသူက တစ္ဆေမုဆိုးကို ပြန်ပြီး ချုပ်နှောင်ဖို့ ကြိုးပမ်းခဲ့တယ်လေ၊ ဒါပေမယ့် သူ့ဆီမှာလည်း လည်ပတ်က မရှိတော့ ဖမ်းဆီးဖို့ မလွယ်ကူတော့ဘူး""အဲ့ဒါဆို ဘာလို့မသတ်ပစ်တာလဲ"
ရှန့်ဖန်က ကြားဖြတ်မေးသည်။"ဒီမေးခွန်းက မေးသင့်ပါတယ်၊ ဘာကြောင့် အစွမ်းထက်ကျင့်ကြံသူက တစ္ဆေမုဆိုးကို မသတ်ပစ်ခဲ့တာလဲ ... ဒါက သူ့အတွက် တကယ်ကို ခက်ခဲတယ်လေ၊ သူ့မှာ တစ္ဆေမုဆိုးကို သတ်ပစ်ဖို့ အစွမ်းအစ ရှိတယ်၊ ဒါပေမယ့် တစ္ဆေမုဆိုးက သူ့ရဲ့နံရိုးတစ်ချောင်းကို အသုံးပြုပြီး မွေးဖွားလာခဲ့တာလေ၊ ဒီတော့ တစ္ဆေမုဆိုးကို သတ်မယ်ဆိုရင် သူ့ကိုယ်သူ သတ်သေသလို ဖြစ်သွားမှာပေါ့၊ သူသေရင် တစ္ဆေမုဆိုး သေသွားမှာ ဖြစ်သလို တစ္ဆေမုဆိုးသေရင်လည်း သူသေသွားရမှာပဲ"
ESTÁS LEYENDO
စစ်ဧကရာဇ် လီကွမ်ရီ Book 1 ( Ch 1 - 990 )
AventuraReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...