901 - 905

186 12 0
                                    


စစ်ဧကရာဇ်(Chapter:901)
(ခြေသုံးချောင်း ရွှေကျီးကန်း)
............................................
     ရွှေကျီးကန်း အရိုးစုကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကြောက်ခမန်းလိလိ ကြီးမားသည့်အပြင် လွန်စွာ ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်တွေကိုလည်း ထုတ်လွတ်နေခဲ့၏။ ပြင်းထန်သည့် အငွေ့အသက်တွေက ဆေးကျောက်တုန်းကမ္ဘာကိုသာမက ကောင်းကင်ကိုးခုကိုပါ လွှမ်းခြုံသွားခဲ့တော့၏။

     ဝုန်း ... ဝုန်း ... ဝုန်း ...
     ဘိုးဘေးနှစ်ယောက်သည် မန္တန်တစ်ပုဒ်ကို ရွတ်ဆိုနေခဲ့ကြ၏။ ရွတ်တိုမှု ပြီးဆုံးချိန်၌ ဆူညံအနည်းငယ် ထွက်ပေါ်လာခဲ့၏။ ဘိုးဘေးနှစ်ယောက်သည် သူတို့၏ သက်ရှည်သွေးရည်ကြည်ကို ထုတ်လိုက်ကြသည်။ စက္ကန့်ပိုင်းအတွင်း ထိုသွေးရည်ကြည်တွေက ကျီးကန်းအရိုးစုထံ ပေါင်းစပ်သွားကြ၏။ လုံလောက်သည့် သက်ရှည်သွေးရည်ကြည် ပမာဏကို စုပ်ယူပြီးချိန်မှာတော့ ကျီးကန်းအရိုးစုက တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ ယခင်လို အရိုးစုကြီး မဟုတ်တော့ဘဲ အသွေးနှင့် အသားတွေ စတင် ဖြစ်ပေါ်လာခဲ့၏။ တစ်ဆက်ထဲမှာ ရွှေအိုရောင် တောက်ပတဲ့ အမွေးအတောင်တွေ ထွက်ပေါ်လာခဲ့၏။ နောက်ဆုံးတွင် ‌ဧရာမ ကျီးကန်းကြီးက အတောင်ပံတွေကို ရိုက်ခတ်လိုက်သည်။ ချက်ချင်းပင် နေရောင်ပမာ တောက်ပတဲ့ အလင်းတန်းတွေက နေရာအနှံ့ကို လွှမ်းခြုံသွားခဲ့တော့၏။

     ရွှီး ...
     ရွှေကျီးကန်က စူးရှသည့် အော်မြည်သံတစ်ချက် ထုတ်ဖော်လိုက်သည်။ ပြီးနောက် အဆုံးမဲ့ လင်းထိန်နေသည့် နေရောင်ခြည်တွေကို စုပ်ယူလိုက်ပြန်၏။ စက္ကန့်ပိုင်းအတွင်း နေရောင်ခြည်အလင်းတန်း အများအပြား စုပ်ယူခံခဲ့ရ၏။ ကမ္ဘာတစ်ခုလုံး အမှောင်တိုက်ထဲသို့ ချက်ချင်း ကျဆင်းသွားရတော့၏။ ရုတ်တရက် ကြည့်လိုက်ပါက နေလုံးကြီးကို ရွှေကျီးကန်းက မျိုချပစ်လိုက်သည့်အလားပင်။

     ဝုန်း ...
     လုံလောက်သည့် နေစွမ်းအင် ပမာဏကို စုပ်ယူပြီးနောက် ... ပြင်းထန်သည့် ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာခဲ့၏။ တစ်ချိန်ထဲမှာ ရွှေကျီးကန်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို မီးလျှံတွေ လွှမ်းခြုံသွားခဲ့၏။ တဒင်္ဂအချိန်အတွင်း ကျီးကန်းအရိုးစုကြီးသည် မီးငှက်တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းသည် သာမန်ငှက်တစ်ကောင် မဟုတ်တော့ချေ။ သားရဲနတ်ဘုရားအလား ပြင်းထန်တဲ့ အငွေ့ အသက်တွေကို ထုတ်ဖော်နေခဲ့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now