၆ - ၁၀

876 59 0
                                    


စစ်ဧကရာဇ်(Chapter:6)
(စေ့စပ်ထားသူ ၂)
............................
       အချိန်တိုအတွင်းမှာပင် အသွားနှစ်ဖက်ဓားကျင့်စဉ်ကို နားလည်နိုင်ခဲ့၏။ သို့သော် လက်တွေ့လေ့ကျင့်ရာ၌ စိတ်နှင့်ကိုယ် တစ်သားထဲမဖြစ်သေးချေ။ လုံးဝ ကျွမ်းကျင်သည့် အဆင့်ကိုရောက်ဖို့မူ အတော်လေး လေ့ကျင့်ဖို့လိုနေပေသေးသည်။

     သို့သော် သူက စိတ်ဓာတ်မကျပေ။ ပုံမှန်အတိုင်း ဆက်လေ့ကျင့်နေခဲ့၏။ နောက်ဆုံးမှာတော့ တဖြည်းဖြည်း ကျွမ်းကျင်လာခဲ့ပြီး ဓားခုတ်ချက်တွေ၊ နေရာယူပုံတွေကလည်း အဆင့်မြင့်လာခဲ့သည်။ စက္ကန့်ပိုင်းအတွင်း ဓားကွက် သုံးရာကျော်ကို ထုတ်ဖော်နိုင်သည်အထိ တိုးတက်လာခဲ့သည်။ ထို့ပြင် ဓား၏ဦးတည်ရာကလည်း ပိုမိုတိကျလာခဲ့ပြီး ထိချက်တိုင်းကို လွဲချော်ခြင်း မရှိတော့ပေ။

     လီကွမ်ရီသည် သုံးရက်လုံးလုံး အိမ်တွင်းအောင်းပြီး လေ့ကျင့်နေခဲ့၏။ ဓားရေးတိုးတက်ဖို့အတွက် သူ့ကိုယ်သူ ဖိအားပေးပြီး အားကြိုးမာန်တက် လေ့ကျင့်နေခဲ့သည်။ ရှေ့ဆက်ရမည့် သူ၏ဘဝသည် မရေရာ၊ မသေချာမှုများစွာဖြင့် ပြည့်နေ၏။ သို့သော် သူလက်လျှော့၍ မရပေ။ သူ၏ဘဝအတွက် သူကိုယ်တိုင် ဆက်လက်တိုက်ပွဲဝင်ရပေလိမ့်မည်။
***
     သုံးရက်မြောက်နေ့ ... လီကွမ်ရီသည် စမ်းသပ်စစ်ဆေးမှု ခံယူဖို့အတွက် သူတော်စင်နတ်ဆိုးကိုးပါးဂိတ်သို့ စတင်ထွက်လာခဲ့သည်။ သူနှင့်အတူ နန်ဟွာရန်နှင့် ကာကွယ်စောင့်ရှောက်သူ'မို'တို့လည်း လိုက်ပါလာခဲ့ကြသည်။

     ရှေ့ဟောင်းသန့်ရှင်းနယ်မြေဂိုဏ်းတွင် အကြီးအကဲခြောက်ယောက်၊ ကာကွယ်စောင့်ရှောက်သူ ၁၂ယောက်နှင့် အခြားခေါင်းဆောင်ငယ် ၃၆ယောက်တို့ ရှိကြသည်။

     လီကွမ်ရီက အဖွဲ့ကိုကြည့်လိုက်ပြီး မေးသည်။
     "ငါတို့သုံးယောက်ပဲလား ..."

     ကာကွယ်စောင့်ရှောက်သူ'မို'သည် နန်ဟွာရန်၏ ဆရာတစ်ယောက်လည်း ဖြစ်၏။ သူက လွန်စွာ စကားနည်းသည်။ ထို့ကြောင့် လီကွမ်ရီ၏ မေးခွန်းကို ပါးစပ်ဖြင့် မဖြေဘဲ ခေါင်းညိတ်ရုံသာ ညိတ်ပြလိုက်သည်။

     "သူတို့အားလုံးက ရှုံးမှာ ကြောက်နေကြတယ်"လီကွမ်ရီက အေးတိအေးစက် ပြောလိုက်သည်။
     "ငါရှုံးမှာလို့ ထင်နေကြတယ်လေ၊ စမ်းသပ်စစ်ဆေးမှုကို မကျော်ဖြတ်နိုင်ခဲ့ရင် ဂိုဏ်းကိုလည်း ထိခိုက်နိုင်တယ် မဟုတ်လား၊ ဆုံးရှုံးမှုတွေ အများကြီး ဖြစ်လာမှာလေ၊ ဟုတ်တယ်မလား ..."

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Tahanan ng mga kuwento. Tumuklas ngayon