711 - 715

201 18 0
                                    


စစ်ဧကရာဇ်(Chapter:711)
(အင်အားပြခြင်း)
..........................
လီကွမ်ရီရဲ့ စကားတွေက တကယ့်ကို ရဲတင်းလွန်းလှပြီး အားလုံးကို နောက်တစ်ကြိမ် ဆွံ့အသွားစေခဲ့ပြန်သည်။ ထင်းရှူးဖိုးဖိုးရဲ့ လက်ရှိအဆင့်အတန်းအရ အယ်လ်ခမီနိုင်ငံအပါအဝင် မည်သူကမှ မလေးမစား မလုပ်ဝံ့ပေ။ အယ်လ်ခမီနိုင်ငံရဲ့ အကြီးအကဲတွေပင် သတိထားပြီး ဆက်ဆံကြရသည်။ ယခုမူ လီကွမ်ရီက ထင်းရှူးတောင်တန်းရဲ့ စစ်တပ်ကိုသာမက ပြန်လည်ခြိမ်းခြောက်သည့်သဘောနဲ့ ပြောနေခဲ့သည်။ မည်သူက ထိုသို့ လုပ်ရဲမည်နည်း.....။ ဆေးကျောက်တုန်းကမ္ဘာကြီးတစ်ခုလုံး၌ လီကွမ်ရီသာလျှင် ထိုသို့ ပြောရဲသူ ဖြစ်ပေလိမ့်မည်။

မေလ်ပဲဘုရင်ရဲ့ မျက်နှာမှာ ဒေါသကြောင့် တဖြည်းဖြည်း နီရဲလာခဲ့တော့သည်။ သူက ထင်းရှူးဖိုးဖိုးအစား တောင်တန်းကို အုပ်ချုပ်လာရသည်မှာ အချိန်ကြာမြင့်နေပြီ ဖြစ်သည်။ ထိုအတောအတွင်း လီကွမ်ရီလို စော်ကားဝံ့သူတစ်ယောက်မှ ပေါ်လာဖူးခြင်း မရှိသေးပေ။ သူ့အနေနဲ့ လူကြီးလူကောင်းတစ်ယောက်ရဲ့ အမူအကျင့်အတိုင်း နေထိုင်ပြီး ဂျူနီယာတွေနဲ့ ဖက်ပြိုင်လေ့ မရှိပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ သည်းခံနိုင်ခြင်း မရှိတော့ပေ။

" အရမ်း ဝံ့ကြွားလွန်းနေပြီ...."
မေလ်ပဲဘုရင်က လီကွမ်ရီကို ကြည့်ပြီး အေစစက်စွာ ဆက်ပြောသည်။
" သခင်လေးလီ၊ နောက်ဆုံးတစ်ကြိမ် သတိပေးမယ်....အသာတကြည်အဖမ်းခံပါ၊ မဟုတ်ရင်တော့ ဒဏ်ရာအနာတရအဖြစ်ခံမလား၊ အသက်သေမလား ရွေးချယ်ရလိမ့်မယ်......"

လီကွမ်ရီရဲ့ မျက်လုံးတွေ တဖြည်းဖြည်း ကျဉ်းမြောင်းလာခဲ့တော့သည်။ လက်ရှိအချိန်မှာတော့ သူ့အနေနဲ့ အတတ်နိုင်ဆုံး ပြောခဲ့ပြီးပြီ ဖြစ်၍ ထပ်မံသည်းခံလိုစိတ် မရှိတော့ပေ။

" ထင်းရှူးတောင်တန်းကို ငါ့ကို ဆန့်ကျင်ဖို့ ဆုံးဖြတ်နေတာလား၊ ဒါက အရမ်းကို ရူးမိုက်တဲ့ လုပ်ရပ်ပဲ၊ မွေးနေ့ပွဲကို ငါရောက်လာတာက မင်းတို့အတွက် အကြီးမားဆုံး ဂုဏ်ယူစရာတစ်ခုဆိုတာ နားမလည်လေလျော့သလား....ကောင်းပြီလေ၊ အခုလိုဆိုမှတော့ ဒီနေရာကို သွေးနဲ့ ဆေးကြောပစ်ရတော့မှာပေါ့...."
လီကွမ်ရီက မေလ်ပဲဘုရင်ကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now