၁၄၆ - ၁၅၀

476 27 0
                                    


စစ်ဧကရာဇ် ( Chapter:146 )
.....................................
( တိတ်ဆိတ်ငြိမ်သက်ခြင်း ၂ )
......................................
ဂိုဏ်းအားလုံးထဲတွင် ဂျီယန်ဇိုမျိုးနွယ်စုက အများဆုံးဆုံးရှုံးခဲ့ရသည်ဟု ဆိုရမည် ဖြစ်သည်။ သူ့တို့မျိုးနွယ်စုရဲ အနာဂတ်မျိုးဆက်သစ်တွေဟု ဆိုနိုင်သည့် အရှေ့ပိုင်း မြစ်ဝှမ်းနိုင်ငံ မှူ းမတ်ကြီးနဲ့ ဂျီယန်ဇို ထန်းရီတို သေဆုံးခဲ့ ခြင်းက သူတို့အတွက် ဧရာမဆုံးရှုံးမှုကြီးပင် ဖြစ်သည်။

ဒါ့အပြင် ယခုအဖြစ်အပျက်တွေက သူတို့ရဲ့ ကမ္ဘာ့ရန်တွေဖြစ်ကြတဲ့ ရှေ့ဟောင်းသန့်ရှင်းနယ်မြေဂိုဏ်းရဲ့ လက်ချက် ဖြစ်နေခြင်းက ပို၍ပင် ခံရခက်စေတော့သည်။ ဒါကြောင့်လည်း ဂျီယန်ဇိုမျိုးနွယ်စု အကြီးအကဲတွေက အရေးကြီးဆွေးနွေးပွဲ ပြုလုပ်ပြီး ရှေ့ဟောင်းသန့်ရှင်းနယ်မြေဂိုဏ်းကို အမှုန့်ချေပစ်ရန် တိုင်ပင်ဆွေးနွေးနေကြတော့သည်။

ရှေ့ဟောင်းသန့်ရှင်းနယ်မြေဂိုဏ်းထဲမှာတော့ လီကွမ်ရီက တည်ငြိမ်စွာ ထိုင်လျက် လေ့ကျင့်နေသည်။ ထိုစဉ် သူက ကံစွမ်းအားကို ရုတ်တရက် ဖွင့်လိုက်ရာ သူ့ရဲ့ ကံစွမ်းအားနှစ်ခုက ဦးခေါင်းထက်မှာ လွင့်မျှောနေတော့သည်။ ကံစွမ်းအားတစ်ခုက အနည်းငယ်ကြီးမားပြီး နောက်တစ်ခုကတော့ လွန်စွာ သေးငယ်သည်ကို တွေ့ရသည်။

ကြီးမားတဲ့တစ်ခုမှာ သူ့ရဲ့ မူလကံစွမ်းအား ဖြစ်ပြီး နောက်တစ်ခုမှာမူ မိစ္ဆာနယ်မြေထဲမှာ နောက်မှ ဖြစ်တည်လာတဲ့ ကံစွမ်းအားအသစ်လေး ဖြစ်သည်။ ကံစွမ်းအားအသစ် ဖြစ်ပေါ်လာခြင်းက လီကွမ်ရီအနေနဲ့ နန်းတော်အရှင်အဆင့်ကို ရောက်ရှိသွား၍ ဖြစ်သည်။ နန်းတော်အရှင်အဆင့်ကို ရောက်ရှိတဲ့ ကျင့်ကြံသူတွေတိုင်း မူလကံစွမ်းအားအပြင် နောက်ထက်သေးငယ်တဲ့ ကံစွမ်းအားတစ်ခု ဖြစ်ပေါ်လာစမြဲပင် ဖြစ်သည်။

ထိုစဉ် လီကွမ်ရီရဲ့ မူလကံစွမ်းအားက ရုတ်တရက်ပွင့်လာပြီး ကမ္ဘာမြေကြီးရဲ့ သန့်စင်တဲ့ ချီစွမ်းအင်တွေကို စုပ်ယူပြီး စတင်လည်ပတ်လာသည်။ ကံစွမ်းအားရဲ့ အဆင်မပြတ်လည်ပတ်နေမှုကြောင့် သူ့ရဲ့  အသက်ဘီးက ရွေ့လျားသွားပြီး သွေးစွမ်းအင်တွေက သမုဒ္ဒကြီးတစ်ခုသဖွယ် စတင်လည်ပတ်လာတော့သည်။ အကြိမ်ပေါင်းများစွာ လည်ပတ်ပြီးနောက်မှာတော့ သွေးစွမ်းအင်တွေက အသက်သွေးရည်ကြည်အဖြစ်ကို တဖြေးဖြေးနဲ့ ပြောင်းလဲလာကြသည်။ ပြီးနောက် သူ့ရဲ့ အသက်ဘီးကို တည်ငြိမ်စွာ စီးဝင်သွားကြတော့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Donde viven las historias. Descúbrelo ahora