411 - 415

225 13 0
                                    


စစ်ဧကရာဇ်(Chapter:411)
....................................
(ရွှေရောင်ဘုရားကျောင်း)
...................................
ယင်ယန်ရေကန်သည် ကမ္ဘာဆုံးထိတိုင် နက်ရှိုင်းသည်ဟု ထင်ရသည်။ လီကွမ်ရီက လန်ယွင်ကျူးလက်ကို ကိုင်ဆွဲပြီး တစ်ချိန်ထိုး ကူးခတ်သွားပေမယ့် ယခုအချိန်ထိ ကန်အောက်ခြေသို့ မရောက်နိုင်သေးချေ။

ကန်အောက်ခြေသို့ ပိုနက်လာလေလေ အပူဓာတ်နဲ့ အအေးဓာတ်က ပိုပြီး ပြင်းထန်လာလေ ဖြစ်ပြီး လီကွမ်ရီရဲ့ ယင်ယန် အင်မော်တယ်ကြေးမုံပင် ဖိအားတွေကို မထိန်းချုပ်နိုင်လောက်အောင် ဖြစ်လာခဲ့သည်။ ကြေးမုံရဲ့ တာအိုစနစ်တွေက တဖြည်းဖြည်း စတင်ပြိုကွဲလာခဲ့ကြပြီး လန်ယွင်ကျူးနဲ့ လီကွမ်ရီတို့မှာ ရေကန်ရဲ့ ဖိအကို နောက်တစ်ကြိမ် စတင်ခံစားလာခဲ့ရတော့သည်။

ယခု လီကွမ်ရီတို့ ရောက်ရှိနေသည့်နေရာက စကြာဝဠာအဆင့် ကျင့်ကြံသူတွေပင် မရောက်ရှိနိုင်တဲ့ နေရာတစ်ခု ဖြစ်နေပြီ ဖြစ်သည်။ သူတို့ရဲ့ အဆင့်အတန်းနဲ့ အရှေ့ကို ဆက်သွားပါက သေချာပေါက် ကြီးမားတဲ့ ဆိုးကျိုးတစ်ခု ဖြစ်လာမည် ဖြစ်သည်။

ထိုစဉ် လီကွမ်ရီက လန်ယွင်ကျူးကို တည်ငြိမ်စွာ ပြောလိုက်သည်။
" မင်းတို့ဂိုဏ်းရဲ့ ကောင်းကင်စွမ်းအား လျှို့ဝှက်ကျင့်စဉ်ကို ထုတ်ဖော်လိုက်ပါ "

လန်ယွင်ကျူးက ပြန်လည်မေးခွန်းထုတ်မနေတော့ဘဲ လီကွမ်ရီပြောတဲ့အတိုင်း ကောင်းကင်စွမ်းအား လျှို့ဝှက်ကျင့်စဉ်ကို စတင်ထုတ်ဖော်သည်။ ချက်ချင်းပင် မိုးကောင်းကင်ရဲ့ အဆုံးမဲ့ တာအိုသဘောတရားတွေ စတင်ထွက်ပေါ်လာခဲ့ပြီး ရေကန်ရဲ့ ဖိအားကို အန်တုသည်။ အခြားတစ်ဖက်တွင် လီကွမ်ရီကလည်း မန္တာန်တစ်ခုကို တိုးညှင်းစွာ ရွတ်ဆိုလိုက်သည်။

" ခွမ်း....."
အံ့အားသင့်ဖွယ် အဖြစ်အပျက်တစ်ခု စတင်ဖြစ်ပေါ်လာခဲ့သည်။ လီကွမ်ရီရဲ့ နဖူးတည့်တည့်မှာ ရွှေရောင်ကွင်းဆက်လေး ပေါ်လာခဲ့သည်။ တစ်ချိန်ထဲမှာ လန်ယွင်ကျူး ထုတ်ဖော်ထားတဲ့ ကောင်းကင်စွမ်းအား လျှို့ဝှက်ကျင့်စဉ်ရဲ့ အစွမ်းသတ္တိတွေက ရွှေရောင်ကွင်းဆက်ထဲကို ဝင်လာပြီး ပေါင်းစည်းသွားကြတော့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Onde histórias criam vida. Descubra agora