စစ်ဧကရာဇ်(Chapter:521)
(စိန်ငါးကြင်း)လီကွမ်ရီနဲ့ လန်ယွင်ကျူးတို့နှစ်ယောက်က သတ္ထုဘုံအတွင်းမှာ လျင်မြန်စွာ ထွက်ခွာသွားကြသည်။ သတ္ထုဘုံအတွင်းမှာ အခြားရတနာတွေ များစွာ ကျန်ရှိသေးပေမယ့် လီကွမ်ရီမှာ အချိန်အလုံအလောက်မရှိပေ။ ဒါကြောင့် သူက အချိန်ဖြုန်းမနေတော့ဘဲ ထွက်ခွာသွားခြင်း ဖြစ်သည်။
ထိုအချိန်မှာပင် လီကွမ်ရီက သတင်းအချို့စုံစမ်းရန် လန်ယွင်ကျူးကို စေခိုင်းလိုက်သည်။ အချိန်အနည်းငယ် ကြာပြီးနောက်မှာတော့ လန်ယွင်ကျူးက ပျောက်ဆုံးနေတဲ့ ဒဏ္ဍာရီလာကျွန်းရဲ့ သတင်းနဲ့အတူ ပြန်လာခဲ့သည်။ လီကွမ်ရီက ထိုသတင်းကို ကြားကြားချင်း လေးနက်တည်ကြည်သွားတော့သည်။ ဒဏ္ဍာရီလာကျွန်းက သင်္ချိုင်းနယ်မြေရဲ့ တစ်နေရာရာမှာ ရှိနေမည်ကို သူက သိရှိထားပြီး ဖြစ်သည်။ ယခုတော့ သူသိထားတာ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့၍ လီကွမ်ရီမှာ စိတ်အေးသွားရတော့သည်။
လီကွမ်ရီက လန်ယွင်ကျူးကို ပြုံးပြီးမေးသည်။
"ဒဏ္ဍာရီလာကျွန်းက အခု ဘယ်လို ပုံစံ ရှိနေတာလဲ""အင်း၊ ငါကြားလာတဲ့ သတင်းအရဆိုရင် ဒဏ္ဍာရီလာကျွန်းက အဆုံးမဲ့ပင်လယ်ထဲက ပုံစံ မဟုတ်တော့ဘူး၊ မြူခိုးငွေ့တွေ ပိုပြီး ဖုံးလွှမ်းနေတယ်တဲ့၊ အခုချိန်ထိတော့ ကျွန်းရဲ့ အသွင်သဏ္ဍာန်အပြည့်အစုံကို ဘယ်သူမှ မတွေ့ကြရသေးဘူး"
လန်ယွင်ကျူးက စိတ်လှုပ်ရှားစွာနဲ့ ပြန်ဖြေသည်။လီကွမ်ရီမှုမူ စိတ်လှုပ်ရှားသွားခြင်း မရှိပေ။ မကြာခင်မှာ ဒဏ္ဍာရီလာကျွန်းရဲ့ ပုံသဏ္ဍာန်အစစ်အမှန်ကို တွေ့မြင်ရမည်ဟု သူက သိရှိထားပြီး ဖြစ်သည်။
"ငါတို့ အဲ့ဒီကျွန်းဆီ သွားကြမလား"
လန်ယွင်ကျူးက လီကွမ်ရီကို ကြည့်ပြီး မေးသည်။ အဆုံးမဲ့ ပင်လယ်ထဲ ပေါ်လာဖူးတဲ့ ဒဏ္ဍာရီလာကျွန်းအကြောင်းကို သူမလည်း သိချင်နေမိသည်။ ဒါ့အပြင် အဲ့ဒီကျွန်း ပေါ်လာတာက လီကွမ်ရီနဲ့ တစ်နည်းနည်း ဆက်စပ်နေရမည်ဟု သူမရဲ့ စိတ်ထဲမှာ ထင်နေမိသည်။လီကွမ်ရီက ခေါင်းခါရမ်းရင်း ပြန်ဖြေသည်။
"ဒါက အလျင်လိုလို့ မရဘူး၊ မြူခိုးငွေ့တွေ အားလုံးပျောက်သွားတဲ့ အထိ စောင့်ရလိမ့်မယ်၊ စိတ်မပူပါနဲ့၊ အခုအချိန်မှာတော့ ဒဏ္ဍာရီလာကျွန်းက ငါ့လက်ထဲကနေ ထွက်ပြေးလို့ မရတော့ပါဘူး"
VOCÊ ESTÁ LENDO
စစ်ဧကရာဇ် လီကွမ်ရီ Book 1 ( Ch 1 - 990 )
AventuraReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...