၁၀၁ - ၁၀၅

431 29 0
                                    

စစ်​ဧကရာဇ်​ ( Chapter: 101 )
......................................
( မူးမတ်ကြီး အဆင့် ၁ )
.......................................
လီကွမ်ရီပြောလိုက်တဲ့ စကားလုံးတွေက ကျင့်ကြံသူ အများစုကို ထိတ်လန့်သွားစေသည်။ ဇန်ဝေဟိုက သာမာန်နယ်နယ်ရရ လူတစ်ယောက်မဟုတ်ဘဲ ရတနာကောင်းကင်နိုင်ငံရဲ့ မှူ းမတ်ကြီးအဆင့် ရှိတဲ့ အဆင့်မြင့်နိုလ်ဘယ်တစ်ယောက် ဖြစ်သည်။ ဒါကြောင့် သူ့ရဲ့ အဆင့်အတန်းက လွန်စွာမြင့်မားသည်ဟု ဆိုနိုင်ပြီး တော်ရုံတန်ရုံလူတစ်ယောက်အနေနဲ့ သူ့ကိုကြောက်ရွံ့ရိုသေကြရသည်။ ယခုတော့ ကလေးတစ်ယောက်က ဇန်ဝေဟိုကို ပမာမခန့် ပြောလိုက်၍ လူအားလုံးမှာ မအံ့သြဘဲ မနေနိုင်တော့ချေ ။

" ဟမ်...စိတ်ကြီးဝင်နေတဲ့ တိရိစ္ဆာန်ကောင်၊ ဒီနေ့ မင်းတို့အားလုံး ငါ့အကြောင်းသိအောင် ပြရသေးတာပေါ့ "
ဇန်ဝေဟိုက အလွန်အမင်း စိတ်ဆိုးသွားဟန်ရပြီး သူ့ထံမှ ကြောက်မက်ဖွယ် နိုလ်ဘယ်အသိတွေ ထွက်ပေါ်လာခဲ့သည်။ ချက်ချင်းပင် လီကွမ်ရီထံကို လက်ဝါးရိုက်ချက်တစ်ချက် မညာမတာ ထုတ်လွတ်လိုက်သည်။ သူ့ရဲ့ ဧရာမလက်ဝါးကြီးက တောင်တစ်လုံးစာလောက်ကြီးမားပြီး လီကွမ်ရီကို ထိမိလိုက်ပါက သေချာပေါက် အမှုန့်ဖြစ်သွားမည်မှာ မလွဲချေ ။

" ဘန်း...."
ထိုစဉ် ဘန်းခနဲ အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ပထမအကြီးအကဲက ဇန်ဝေဟိုရဲ့ ဧရာမလက်ဝါးကြီးကို ထိပ်တိုက်ရင်ဆိုင်လိုက်ခြင်း ဖြစ်သည်။ လီကွမ်ရီမှာ ယခုအချိန်အထိ အနည်းငယ်မျှ မလုပ်ရှားသေးချေ ။ ယုတ်စွအဆုံး ဇန်ဝေဟိုကို လှည့်ပင် မကြည့်သေးဘဲ ပက်ကျိကြီးပေါ်မှာ အေးအေးဆေးဆေး ထိုင်နေလျက်သာ ရှိနေသေးသည်။

" မင်းက မှူ းမတ်ကြီးအဆင့်ဘဲလား၊ ကောင်းပြီလေ၊ မင်းက တိုက်ခိုက်ချင်တယ် ဆိုမှတော့ ငါက မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရတော့မှာပေါ့လေ "
ပထမအကြီးအကဲက ဇန်ဝေဟိုကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။

ပထမအကြီးအကဲရဲ့ စကားကြောင့် ကျင့်ကြံသူအများစုမှာ အံ့အားသင့်သွားကြသည်။ ရှေ့ဟောင်းသန့်ရှင်းနယ်မြေဂိုဏ်းအနေနဲ့ ဇန်ဝေဟိုကို လုံးဝရင်မဆိုင်ရဲဘူးဟု သူတို့အားလုံးက ထင်မှတ်ခဲ့ကြသည်။ အခုတော့ ပထမအကြီးအကဲက ဇန်ဝေဟိုကို မျက်လုံးထဲပင် မထည့်ထားသည့်အလား ပြောဆိုလိုက်၍ ကျင့်ကြံသူအားလုံးမှာ နားမလည်နိုင်အောင် ဖြစ်နေမိကြတော့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Dove le storie prendono vita. Scoprilo ora