စစ်ဧကရာဇ် ( Chapter:221 )
.....................................
( နတ်ရတနာ ၁ )
......................
လီကွမ်ရီရဲ့ စကားလုံးတွေက တောင်ပိုင်းကောင်းကင်နိုင်ငံတစ်ဖွဲ့လုံးကို ဆွံ့အသွားစေသည်။ တောင်ပိုင်းကောင်းကင်နိုင်ငံရဲ့ အင်အားက လက်ရှိအချိန်မှာ ထင်သလောက် မကြီးမားတော့ပေမယ့် အင်မော်တယ်ဧကရာဇ်ဖေးယန်ရဲ့ အမွေအချိ ု့ကို ဆက်ခံရရှိထားပေသည်။အင်မော်တယ်ဧကရာဇ်ဖေးယန်က သူ့ခေတ်သူ့အခါမှာ ကြီးကျယ်မြင့်မြတ်တဲ့ ဧကရာဇ်တစ်ပါးဖြစ်သည်။ သို့သော် ယခုတော့ လီကွမ်ရီက ထိုအကြောင်းအရာတွေကို မျက်စိထဲထည့်ဟန်မရဘဲ ဘုရင်နန်ထျန်းကို သတ်ဖို့သာ စိတ်အားထက်သန်နေပေသည်။
" ဒီကောင်စုတ်လေးက တကယ့်ကို ဝံ့ကြွားလွန်းတာဘဲ၊ သူက ဘာကိုမှ ကြောက်ရွံ့ဟန်မရှိဘူး "
ကျင့်ကြံသူတစ်ယောက်က လီကွမ်ရီကို ကြည့်ပြီး တိုးတိုးလေး ရေရွတ်မိလိုက်သည်။ နန်ထျန်းဟူတုကား တောင်းပိုင်းကောင်းကင်နိုင်ငံရဲ့ လေ့ကျင့်သင်ကြားပေးသူ တစ်ယောက်ဖြစ်ပြီး အဆင့်မြင့်သူတော်စင်ဧကရာဇ် တစ်ယောက်လည်း ဖြစ်သည်။ ဒါကို လီကွမ်ရီက အနည်းငယ်မှ ကြောက်ရွံ့ဟန်မပြပေ။" ကောင်စုတ်လေးကတော့ တကယ့်ကို သေချင်နေပြီလား "
ထိုစဉ် လူတစ်ယောက်ရောက်လာပြီး ကြောက်မက်ဖွယ် အော်ရာတွေကို ထုတ်လွတ်ပြီး လီကွမ်ရီကို အေးစက်စွာ ဆက်ပြောသည်။
" မင်းက ရတနာအနည်းငယ်ကို အားကိုးပြီး မင်းကိုယ်မင်း ပြိုင်ဘက်ကင်းတစ်ယောက်လို့ ထင်နေတာလား "လွန်စွာ တောက်ပတဲ့ ကိုယ်ရောင်ဝါတွေ ထုတ်ပြီး လူတစ်ယောက်က လေထုထဲမှာ ပျံဝဲလာရင်း လီကွမ်ရီကို အေးစက်စွာ ပြောလိုက်ခြင်းဖြစ်သည်။ ထိုသူရဲ့ ခန္ဓာကိုယ်အနှံ့မှ ၆မျိ ုးသော ရောင်စဉ်တွေ ဖြာထွက်နေပြီး လေထုထဲမှာ နဂါးတစ်ကောင်အလား ဝံ့ထည်စွာ ရပ်တည်နေသည်။
" ဂျီယန်ဇိုမျိ ုးနွယ်စုဘုရင်......."
ကျင့်ကြံသူအများအပြားက ယခုရောက်လာသူကိုကြည့်ပြီး အံ့အားသင့်သွားကြသည်။ မှန်သည်.....ထိုသူကား လီကွမ်ရီရဲ့ ရန်သူတော်မျိ ုးနွယ်စုရဲ့ ဘုရင်တစ်ယောက်ပင် ဖြစ်သည်။
VOCÊ ESTÁ LENDO
စစ်ဧကရာဇ် လီကွမ်ရီ Book 1 ( Ch 1 - 990 )
AventuraReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...