471 - 475

221 18 0
                                    

စစ်ဧကရာဇ်(Chapter:471)
(အိုအေစစ်ရဲ့ရတနာ)

     အခြားမျိုးနွယ်စုတွေကို ဦးဆောင်ဖမ်းဆီးနေသူတွေက ရွှေလုလင်၊ မီးတောက်နတ်ဘုရားမင်းသားနဲ့ တစ္ဆေဘုန်းတော်ကြီး၊ ရာပြည့်ဂိုဏ်းမင်းသားတို့ ဖြစ်ကြသည်။ သူတို့လေးယောက်က ဧကရာဇ်မျိုးဆက်အချို့ကို ဖယ်ထုတ်လိုက်လျှင် အားအကောင်းဆုံးသူတွေဟု ပြော၍ ရသည်။ ဒီနေရာမှာ ရောက်နေတဲ့ အခြားမျိုးနွယ်စုတွေမှာ လူနည်းစုလေးသာ ဖြစ်သည်။ ဘယ်လိုလုပ် သူတို့ကို ယှဉ်နိုင်မည်နည်း။

     နောက်ဆုံးမှာတော့ အခြားမျိုးနွယ်ဝင်တွေမှာ ဘာမှမတတ်နိုင်တော့ဘဲ အိုအေစစ်မှ ထွက်သွားဖို့ ပြင်လိုက်ကြသည်။ ချိုးရုန်ဝမ်ရွယ်ကလည်း အခြားမျိုးနွယ်တွေ ကြားထဲ ရောက်ရှိနေခဲ့သည်။ ဒါကြောင့် သူမက ထိုသူတွေနဲ့အတူ ထွက်သွားဖို့ ကြိုးစားလိုက်သည်။ ထိုအချိန်မှာပင် တစ္ဆေဘုန်းတော်ကြီးက သူမကို တွေ့ရှိသွားပြီး ပြုံး၍ ပြောသည်။
"အကြီးအကဲချိုးရုန်၊ ကျေးဇူးပြုပြီး ဒီမှာနေခဲ့ပါ"

     ချိုးရုန်ဝမ်ရွယ်ရဲ့ ခန္ဓာကိုယ်က ဆတ်ခနဲ တုန်ခါသွားရသည်။ သို့သော် သူမက တစ္ဆေဘုန်းတော်ကြီးရဲ့ စကားကို မကြားချင်ယောင်ဆောင်ပြီး ဆက်လက်ထွက်သွားဖို့ ပြင်သည်။ ဤတွင် တစ္ဆေဘုန်းတော်ကြီးရဲ့ ထိတ်လန့်ဖွယ်အသံက နောက်တစ်ကြိမ် ထွက်လာခဲ့ပြန်သည်။
"အကြီးအကဲချိုးရုန်၊ ဒီမှာနေခဲ့ဖို့ ငါဖိတ်ကြားပါရစေ"

     ချိုးရုန်ဝမ်ရွယ်မှာ ဘာမှ မတတ်နိုင်တော့ပေ။ အားလုံးက သူမကို သတိပြုမိနေပြီဖြစ်၍ သူမက ရပ်တန့်လိုက်ရတော့သည်။ သူမက တစ္ဆေဘုန်းတော်ကြီးကို လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပြုပြီး ပြန်ပြောသည်။
"ဖိတ်ခေါ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်၊ ငါက လေ့လာဖို့ သက်သက်လာခဲ့တာပါ၊ ရတနာတွေ ရှာဖွေဖို့ မဟုတ်ပါဘူး"

     "ဟမ် ... အကြီးအကဲချိုးရုန်က အရမ်းယဉ်ကျေးလွန်းနေပြီ၊ မင်းက တစ္ဆေမျိုးနွယ်စုဝင်တစ်ယောက်မို့ ရတနာတွေရရင် ခွဲဝေယူနိုင်ပါတယ်"
တစ္ဆေဘုန်းတော်ကြီးက ကြောက်မက်ဖွယ်အပြုံးနဲ့ ပြန်ပြောသည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Wo Geschichten leben. Entdecke jetzt