၂၁၁ - ၂၁၅

366 22 0
                                    


စစ်ဧကရာဇ် ( Chapter:211 )
......................................
(အမှောင်မြေအောက်မြစ်ရဲ့ လျှိ ု့ဝှက်ချက် ၁ )
........................................................
သူတော်စင်နတ်ဆိုးကိုးပါးဂိတ် စံအိမ်အတွင်း လီကွမ်ရီတို့ ပြန်ရောက်တဲ့ အခါမှာ အကြီးအကဲ ချီယွန်က လီကွမ်ရီထံ ရောက်လာပြီး တိုးတိုးလေး ပြောလိုက်သည်။
" စစ်နတ်ဘုရားကျောင်းက လူအချို့က ခေါင်းတလားနဲ့ ရောက်လာခဲ့ကြပြီ၊ အခု သူတို့က သခင်လေးလီကို တွေ့ချင်နေကြတယ် "

" နတ်ဆိုးဘုရင် လွန်းရီရော ရောက်လာပြီလား "
လီကွမ်ရီက ပြန်မေးလိုက်သည်။ သူ့အနေနဲ့ စစ်နတ်ဘုရားကျောင်းကိစ္စကိုတောင် အနည်းငယ်မြေလျော့သလို ဖြစ်နေပြီ ဖြစ်သည်။

" ဂိုဏ်းချ ုပ်က နောက်မှ ရောက်လာမယ်လို့ပြောတယ် "
အကြီးအကဲချီယွန်က ခေါင်းရမ်းပြီး ပြန်ပြောသည်။
" သခင်လေးလီ၊ စစ်နတ်ဘုရားကျောင်းက ဘိုးဘေးရှေ့ရောက်ရင် စကားပြောဆင်ခြင်ပေးစေချင်တယ်၊ ကျေးဇူးပြု၍ သူတို့စိတ်ဆိုးအောင် မလုပ်နဲ့နော် "

အကြီးအကဲချီယွန်က သူတော်စင်နတ်ဆိုးကိုးပါးဂိတ်ရဲ့ အဆက့်မြင့်အကြီးအကဲ တစ်ယောက် ဖြစ်သည်။ သို့သော် သူက စစ်နတ်ဘုရားကျောင်းက အဖိုးအိုကိုမူ လွန်စွာ ကြောက်ရွံ့လေးစားရသည်။ ဒါ့အပြင် လီကွမ်ရီက စကားပြောရာတွင် အထက်စီးမှ နေပြီး စည်းလွတ်ဝါးလွတ် ပြောလေ့ရှိ တတ်သည်။  ဒါကြောင့်လည်း လီကွမ်ရီနဲ့ ကတောက်ကဆ ဖြစ်ပြီး သူတို့ရဲ့ အစီအစဉ်တွေ ပျက်ဆီးကုန်မှာစိုး၍ စိုးရိမ်တကြီး သတိပေးလိုက်ရခြင်း ဖြစ်သည်။

" ဒါက အခြေအနေပေါ်မူတည်တယ် "
လီကွမ်ရီက အမှုမထားဟန်နဲ့ ဆက်ပြောသည်။
" ကျွန်တော် အသားလွတ်ကြီး ဘယ်တော့မှ မရိုင်းစိုင်းတတ်ပါဘူး "

အကြီးအကဲ ချီယွန်မှာ လီကွမ်ရီရဲ့ စကားကြောင့် ဘာဆက်ပြောရမှန်း မသိအောင် ဆွံ့အသွားရတော့သည်။ နောက်ဆုံးတွင် သူက စိတ်ကို လျှော့ချ လိုက်ပြီး လီကွမ်ရီကို လျှိ ု့ဝှက်အဆောင်တစ်ခုသို့ ခေါ်ဆောင်သွားလိုက်သည်။ လျှိ ု့ဝှက်အဆောင်အတွင်းမှာတော့ အဖိုးအို တစ်ယောက်ကို တွေ့လိုက်ရသည်။ အဖိုးအိုက တစ်ကိုယ်လုံး အနက်ရောင် ဝတ်စုံကို ဆင်မြန်းထားပြီး ကြောက်မက်ဖွယ် အော်ရာတွေကို ထုတ်လွတ်နေသေးသည်။ အဖိုးအိုကို ကြည့်ခြင်းအားဖြင့် လွန်စွာမြင့်မားတဲ့ အဆင့်တစ်ခုမှာ ရှိကြောင်း သိသာစေပေသည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Dove le storie prendono vita. Scoprilo ora