စစ်ဧကရာဇ်(Chapter:281)
....................................
(ဘိုးဘေးသခင်ဒေသ)
............................
ဘိုးဘေးသခင်ဒေသကို စတင်ခရီးထွက်ချိန်မှာ ချီရှောင်းတာအိုက လာရောက် နှုတ်ဆက်နိုင်ခြင်း မရှိချေ။ အကြောင်းမှာ မင်းသမီးပေါင်းယွန်ကို သူမရဲ့ မျိုးနွယ်စု ရှိရာသို့ လိုက်ပို့ပေးနေရသောကြောင့် ဖြစ်သည်။ ဒါ့အပြင် စစ်ခုထုန်ထျန်းကိုလည်း လီကွမ်ရီက မတွေ့ရတော့ချေ။ ဤကောင်စုတ်လေးကား တာအိုဟောပြောပွဲ ပြီးတာနဲ့ တိတ်တဆိတ် ပြန်ထွက်သွားပြီ ဖြစ်သည်။လီကွမ်ရီက ဘိုးဘေးဒေသသို့ ရောက်သည်နှင့် တော်ဝင်မြို့တော်အတွင်း မဝင်ဘဲ လမ်းကြောင်းပြောင်းလိုက်သည်။ သူက မြို့ကို ရှောင်ကွင်းရင်း မြောက်ဘက်သို့ ဆက်လက်ထွက်ခွာသည်။ ချီရှောင်းတျယ်မှာ အံ့အားသင့်သွားပြီး မျက်လုံးတွေ ပြူးကျယ်စွာနဲ့ မေးလိုက်မိသည်။
" ငါ့တို့ မြို့ထဲ ဝင်ရမှာမဟုတ်ဘူးလား၊ အခု ဘယ်ကိုသွားမလို့လဲ "လီကွမ်ရီက ပြုံးရင်း ပြန်ပြောသည်။
" အုပ်ချုပ်ရေးပိုင်းတွေက နောက်မှ လုပ်လည်း ရတယ်၊ အခုငါတို့ တစ်နေရာကို သွားကြရအောင်"ချီရှောင်းတျယ်က ဘာမှ ဆက်မမေးတော့ဘဲ လီကွမ်ရီ ဦးဆောင်တဲ့ အတိုင်း တိတ်တဆိတ် လိုက်ပါလာခဲ့တော့သည်။ နောက်ဆုံးတွင် သူတို့နှစ်ယောက်က မြစ်တစ်စင်းအနားသို့ ရောက်လာခဲ့ကြသည်။ မြစ်က အနည်းငယ် ကျယ်ဝန်းပြီး ကွေ့ကောက်စွာ စီးဆင်းနေသည်ကို တွေ့ရသည်။ သူတို့နှစ်ယောက်က မြစ်ကြောင်းအတိုင်း ဘေးမှ အထက်ကို ဆန်တက်ပြီး ဆက်သွားလိုက်ကြရာ တစ်နေရာတွင် အလွန်မြင့်မားတဲ့ တောင်တစ်လုံးကို တွေ့လိုက်ရသည်။ တောင်ထိပ်ပေါ်မှာ မြူခိုးတွေနဲ့ အုံ့ဆိုင်းနေသည်ကို တွေ့ရပြီး လွန်စွာမှ ခံစားလို့ကောင်းတဲ့ ရှုခင်းတစ်ခု ဖြစ်နေပေသည်။
ချီရှောင်းတျယ်က ပတ်ဝန်းကျင့်အနှံ့ စူးစမ်းလေ့လာကြည့်လိုက်ပြီး တစ်ခုခုကို သတိထားမိသွားသည်။ ယခု သူတို့ ရောက်နေသည့် နေရာက ဘိုးဘေးသခင်ဒေသနဲ့ အနည်းငယ် အလှမ်းကွာဝေးနေပြီ ဖြစ်၍ သူမက လီကွမ်ရီအနားကို ကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။
" အခု ငါတို့ရောက်နေတဲ့ နေရာက ကောင်းကင်ဘုံတာအိုကျောင်းတော်ရဲ့ နေရာ မဟုတ်လား "
ESTÁS LEYENDO
စစ်ဧကရာဇ် လီကွမ်ရီ Book 1 ( Ch 1 - 990 )
AventuraReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...