326 - 330

276 15 0
                                    

စစ်ဧကရာဇ်(Chapter:326)
.....................................
(ဧကရာဇ်အဆင့် လက်နက်ကို လုယူခြင်း)
......................................................
လီကွမ်ရီကား ယခုအချိန်ထိ သေဆုံးခြင်း မရှိသေးဘဲ အားလုံးကို အံ့အားသင့်စေခဲ့သည်။

" အင်မော်တယ်ခန္ဓာကိုယ်....."
များစွာသော ကျင့်ကြံသူတွေမှာ လီကွမ်ရီကို ကြည့်ပြီး တုန်လှုပ်စွာ ရေရွတ်ကြသည်။ အင်မော်တယ်ခန္ဓာကိုယ်ရဲ့ အစွမ်းသတ္တိကို လူအတော်များများက ကြားဖူးကြပေမယ့် မည်သူမှ မတွေ့ဖူးကြပေ။ ယခုတော့ အားလုံးက အင်မော်တယ်ခန္ဓာကိုယ်ရဲ့ အစွမ်းကို မျက်ဝါးထင်ထင် တွေ့မြင်ကြရပြီဖြစ်သည်။ ဒါတောင် လီကွမ်ရီရဲ့ အင်မော်တယ်ခန္ဓာကိုယ်က ပြီးပြည့်စုံတဲ့အထိ မရောက်ရှိသေးချေ။

" အကိုလီ သူတို့ကို သတ်ပစ်၊ အကိုလီနိုင်သွားရင် ဒီမှာ ရှိတဲ့ မိန်းကလေးတွေအားလုံးက ဒီညအတွက် အကိုလီကို ပြုစုပေးလိမ့်မယ် "
မဟာခန်းမမှ သင်တန်းသား အများအပြားမှာ ဝမ်းသာအားရအော်ဟစ်ပြီ လီကွမ်ရီကို အော်ဟစ်အားပေးလိုက်ကြသည်။

" ဟုတ်တယ်၊ ဟုတ်တယ်၊ အကိုလီ သူတို့ကို မညှာနဲ့ "
မိန်ကလေးအချို့ကလည်း စိတ်လှုပ်ရှားစွာနဲ့ အော်ဟစ်ပြန်သည်။ ယခုတိုက်ပွဲတွင် လီကွမ်ရီအနိုင်ရပါက သူတို့အတွက်လည်း ဂုဏ်ရှိပေသည်။ မည်သို့ပင်ဆိုစေကာမူ မဟာခန်းမမှ သင်တန်းသားတွေအနေနဲ့ လီကွမ်ရီကိုသာ အနိုင်ရစေချင်နေကြသည်။

" အကိုလီရေ၊ နိုင်အောင်တိုက်ပါ၊ ပြီးရင် ဒီမှာ ရှိတဲ့ မိန်းကလေးတွေကို စိတ်ကြိုက်ရွေးယူနိုင်တယ်နော် "
မိန်းကလေး ကျင့်ကြံသူ အများအပြားကလည်း အားကျမခံ အော်ဟစ်ကြသည်။ ယခုအချိန်တွင် သူတို့ရဲ့ စိတ်ထဲ၌ ဝမ်းသာမှုသာ ကြီးစိုးနေပြီး ရှက်ရွှံ့ဖို့ပင် အတွေးမပေါက်ကြတော့ပေ။

ကောင်းကင်ခန်းမနဲ့ နဂါးခန်းမမှ သင်တန်းသားတွေမှာမူ လက်ရှိအချိန်မှာ နှုတ်ဆိတ်နေကြရသည်။ ယခင်က မာနကြီး ဂုဏ်မောက်ခဲ့သလောက် ယခုအခါမှာတော့ သူတို့အားလုံးရဲ့ မျက်နှာမှာ စက္ကူတစ်ရွက်လို ဖြူဖျော့နေတော့သည်။

" သူ...သူအဆင်ပြေတယ် "
ချီရှောင်းတျယ်မှာ လီကွမ်ရီ မသေသေးတာကို ကြည့်ပြီး အလွန်အမင်း ပျော်ရွှင်သွားရသည်။ တစ်ချိန်ထဲမှာ ဝမ်းသားမျက်ရည်တွေ ကျဆင်းလာရပြီး ရှက်ရွှံ့မနေတော့ဘဲ အားပါးတရ ငိုချပစ်လိုက်တော့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now