741 - 745

203 17 0
                                    


စစ်ဧကရာဇ်(Chapter:741)
(တိမ်ပျံအရှင်ရဲ့ အစီအစဉ်)
.........................................
အယ်လ်ခမီမြို့တော်ရဲ့ ခန်းမတစ်ခုထဲမှာ ငွေရောင်ဆံနွယ်ရှင်က ငြိမ်သက်စွာ ထိုင်နေခဲ့သည်။ ခန်းမရဲ့အလယ်မှာတော့ အသက်မဲ့နေတဲ့ အလောင်းတစ်လောင်း ရှိနေခဲ့သည်။ ယင်းမှာ မိစ္ဆာလက်သမားတော်ရဲ့ အလောင်းဖြစ်သည်။ ငွေရောင်ဆံနွယ်ရှင်မှာ သူ့ဂျူနီယာညီလေးရဲ့ အလောင်းကိုကြည့်ပြီး မျက်နှာတစ်ခုလုံး တင်းမာနေတော့သည်။ သူက ကြောက်မက်ဖွယ် အော်ရာတွေကို ထုတ်လွတ်ထားပြီး အဓိက ထိုင်ခုံတစ်လုံးပေါ် ငြိမ်သက်စွာ ထိုင်နေခဲ့သည်။ ရုတ်တရက် ကြည့်လိုက်လျှင် သူ့ပုံစံက အယ်လ်ခမီဧကရာဇ်တစ်ပါးအလား ဝံ့ထည်လွန်းလှပြီး လူတိုင်ဖြုန်လောက်တဲ့ ပုံစံကို ပိုင်ဆိုင်ထားပေသည်။

သူ့ရဲ့ ပုံစံက ထောင်လွှားမောက်မာသည်ဟု ပြောမရပေ။ ဒါက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းသာ ဖြစ်သည်။

" ဘာတွေဖြစ်ခဲ့တာလဲ ...."
အနည်းငယ်ကြာပြီးနောက်မှာတော့ ငွေရောင်ဆံနွယ်ရှင်က တိတ်ဆိတ်မှုကို ဖြိုခွင့်ပြီး သူ့အရှေ့မှ တပည့်တစ်ယောက်ကို မေးလိုက်သည်။

" လီကွမ်ရီလို့ခေါ်တဲ့ လူတစ်ယောက်ကြောင့် ဖြစ်ခဲ့ရတာပါ အကိုကြီး..."
တပည့်က အလျင်အမြန် ဆက်ပြောသည်။
" လီကွမ်ရီက ဒီလိုတွေဖြစ်လာအောင် အကွက်ချပြီး ကြံစည်ခဲ့တယ်၊ ဒါကြောင့် မိစ္ဆာလက် သမားတော်က အဆိပ်ကောင်တစ်ကောင်ရဲ့ တိုက်ခိုက်မှုကို ခံရပြီး သေသွားရတာပါ...."

ထိုတပည့်က ဖြစ်ပျက်သမျှတွေကို လီကွမ်ရီအပေါ် အပြစ်ပုံချပြီး လုပ်ကြံပြောလိုက်သည်။ သူ့ရဲ့ စကားတွေထဲမှာ လီကွမ်ရီက မိစ္ဆာလက် သမားတော်ကို မနာလိုပြီး အကွက်ချ လုပ်ကြံခဲ့ကြောင်း၊ စုံစမ်းရေးအမတ်ရဲ့ သားကို ကုသပေးနေချိန်မှာ အာရုံပျံ့လွင့်အောင် ဘေးနားမှာနေပြီး တတွတ်တွတ် ပြောနေခဲ့ကြောင်း...ဒါကြောင့် မိစ္ဆာလက် သမားတော်က စိတ်ကို မစုစည်းနိုင်တော့ပဲ သွေးစုပ်ကပ်ပါးကောင်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာဖြစ်ကြောင်း အမှားရော၊ အမှန်ပါ ပေါင်းစပ်ပြီး လီဆယ်ပြောဆိုလိုက်သည်။ သူ့စကားလုံးတွေရဲ့ လိုရင်းကတော့ လွန်စွာ ရိုးရှင်းပေသည်။ မိစ္ဆာလက် သမားတော်ရဲ့ သေခြင်းက လီကွမ်ရီကြောင့် ဖြစ်သည်။ လီကွမ်ရီသာ မနှောက်ယှက်လျှင် မိစ္ဆာလက် သမားတော် သေဆုံးမှာမဟုတ်‌ဟု ဆိုလိုခြင်း ဖြစ်ပေသည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Dove le storie prendono vita. Scoprilo ora