၁၁၁ - ၁၁၅

441 28 0
                                    


စစ်​ဧကရာဇ်​ ( Chapter:111)
.....................................
( ကောင်းကင်ပုခုံးနဲ့ မျောက်လူဝံ ၁)
............................................
လီကွမ်ရီ တိုက်ခိုက်လိုက်တဲ့ သားရဲကောင်ကြီးမှာ မြေပြင်ပေါ်မှာ လူးလိမ့်နေပြီး တဖြေးဖြေးနဲ့ ငြိမ်သက်သွားတော့သည်။ နှစ်ပေါင်းတစ်ထောင်သက်တမ်းရှိတဲ့ သားရဲကောင်ကြီးမှာ အခုမှ နန်းတော်အရှင်အဆင့်ကို ရောက်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ လက်ချက်နဲ့ အသက်ထွက်သွားရပြီ ဖြစ်သည်။

ထိုစဉ် လီကွမ်ရီက သားရဲကောင်ရဲ့ ခန္ဓာကိုယ်ကို ခွဲလိုက်ပြီး ရိုးတွင်းခြင်ဆီနဲ့ အရိုးတွေကို ထုတ်ယူလိုက်သည်။ တကယ်တော့ ကျင့်ကြံသူတစ်ယောက် အတွက် သားရဲကောင်ရဲ့ အရိုးနဲ့ ရိုးတွင်းခြင်ဆီက လွန်စွာ အရေးကြီးလှသည်။ သားရဲကောင်ရဲ့ သက်တမ်းပိုမြင့်လေလေ ဆေးဝါးဖော်စပ်ရာမှာ ပိုပြီးအဆင့်မြင့်လေလေ ဖြစ်သည်။ သားရဲကောင်ရဲ့ ရိုးတွင်းခြင်ဆီတွေက ခန္ဓာကိုယ်အတွက် ဆေးဝါးသန့်စင်ရာမှာ မရှိမဖြစ် အရေးကြီးလှသည်။ ဒါ့အပြင် သားရဲကောင်အရိုးရဲ့ အသုံးဝင်ပုံကား အထွေအထူး ပြောစရာ လိုမည်မထင်ချေ ။ ထိုအရိုးတွေကို အသက်ရတနာဖန်တီးဖို့ ကျင့်ကြံသူတိုင်းက အသုံးပြုကြရသည်။ နှစ်သက်တမ်းပိုကြာတဲ့ အရိုးကို အသုံးပြုလျှင် ပိုပြီး အဆင့်မြင့်တဲ့ အသက်ရတနာလက်နက်တစ်ခုကို ရရှိနိုင်ပေသည်။

နောက်ဆုံးတွင် လီကွမ်ရီက သားရဲကောင်ရဲ့ အရိုးနဲ့ ရိုးတွင်းခြင်ဆီကို သိမ်းဆည်းပြီး ထိုနေရာမှ ထွက်ခွာသွားလိုက်သည်။ သူက ဖြေးဖြေးမှန်မှန်ပင် သွားနေပြီး သတိအနေအထားနဲ့ နားစွင့်ထားသည်။ တဖြေးဖြေးနဲ့ သားရဲကောင်တွေ ပေါများရာနေရာနဲ့ နီးစပ်လာပြီဖြစ်ကြောင်း လီကွမ်ရီက သတိပြုမိလိုက်သည်။

ထိုစဉ် ဝံပုလွေတစ်အုပ်က တဖြေးဖြေးနဲ့ သူ့ကို စက်ဝိုင်းပုံစံ ဝိုင်းလာသည်ကို တွေ့လိုက်ရတော့သည်။
" ဟား...ဟား....နှစ်၃၀၀သက်တမ်းရှိတဲ့ ဝံပုလွေတွေပါလား၊ မင်းတို့မှာ ငါ့ကိုနိုင်ဖို့ အစွမ်းမရှိသေးပါဘူး၊ ဒါက မင်းတို့ရဲ့ ရိုးတွင်းခြင်ဆီနဲ့ အရိုးတွေကို အလကားသက်သက် ငါ့ကို လာပေးသလို ဖြစ်သွားလိမ့်မယ် "

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Tempat cerita menjadi hidup. Temukan sekarang