စစ္ဧကရာဇ္ ( Chapter:56)
..................................
( လမ်းညွှန်ပေးခြင်း ၂)
.............................
လီကွမ်ရီက စကားလုံးအနည်းငယ်သာ ပြောလိုက်ပေမယ့် အကြီးအကဲဆွန် အတွက် လွန်စွာ ထိရောက်လှသည်။ ခန္ဓာကိုယ် ပြန်လည်သန့်စင်ခြင်းအဆင့်မှာ သူကြုံတွေ့နေရတာတွေက လီကွမ်ရီ ပြောတာတွေနဲ့ ထပ်တူ ဖြစ်နေသည်။ သို့သော် သူကြုံတွေ့ရတာတွေက သိပ်အရေးမကြီးလောက်ဘူးဟု အကြီးအကဲ ဆွန်က ထင်မြင်ထားခဲ့သည်။ သူကြုံတွေ့နေရတဲ့ အခက်အခဲတွေကို လီကွမ်ရီက ဘယ်လိုများ သိသွားသလဲဟု အကြီးအကဲဆွန်က စဉ်းစားခန်းဖွင့်နေလိုက်သည်။အခုလိုမျိုး အမြင်စူးရှမှုနဲ့ အသိပညာဗဟုသုတတွေက ၁၃နှစ်အရွယ်ကောင်လေးတစ်ယောက်အတွက် မဖြစ်နိုင်ဘူးဟု တွေးနေမိသည်။ အကြီးအကဲဆွန်ရဲ့ မျက်လုံးထဲမှာ စိတ်ရှုတ်ထွေးနေဟန် အထင်းသား ပေါ်နေပြီး လီကွမ်ရီကို စူးစမ်းသလို ကြည့်နေမိသည်။သူ့လို သူရဲကောင်းအဆင့် ရောက်နေတဲ့ သူတစ်ယောက်ရဲ့ အသက်ဘီးနဲ့ သဘာဝစွမ်းအားကို စစ်ဆေးမည့်သူက အနည်းဆုံး သူရဲကောင်းအဆင့်ကို ရောက်နေရမည် ဖြစ်ပြီး ထိုအဆင့်အောက်က လူတွေက မစစ်ဆေးနိုင်ကြပေ။ သို့သော် လီကွမ်ရီက သူ့ရဲ့ အသက်ဘီးနဲ့ သဘာဝစွမ်းအားကို စစ်ဆေးနိုင်ရုံသာမက လိုအပ်ချက်တွေကိုပါ ပြောပြသွားသေးသည်။ အကြီးအကဲဆွန်မှာ သူ့ကိုယ်သူ အိမ်မက်မက်နေတာလားဟုပင် ထင်နေမိလိုက်သည်။
အကြီးအကဲဆွန် အံ့သြနေစဉ်မှာ လီကွမ်ရီက သူ့ကို ကြည့်ပြီး ပြောလိုက်သည်။
" ခင်ဗျားလေ့ကျင့်နေတဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း စနစ်ကို ကြက်သွေးရောင်မြွေနဂါးခန္ဓာကိုယ်သန့်စင်ခြင်း လို့လည်းခေါ်တယ်၊ ပြီးတော့ ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ကြက်သွေးရောင် မီးနဂါးအဖြစ် ခင်ဗျားက ပြောင်းလဲချင်နေတယ် "လီကွမ်ရီရဲ့ စကားကို ကြားတော့ အကြီးအကဲဆွန်ရဲ့ မျက်နှာတစ်ခုလုံး နီမြန်းသွားသည်။ သူက ရှက်ကိုးရှက်ကန်းဖြစ်သွားပြီးမှ လီကွမ်ရီကို ပြန်ပြောလိုက်သည်။
" အင်း...မင်းပြောတာမှန်ပါတယ်၊ ငါက ဒီတိုင်းလေး ကြိုးစားကြည့်ရုံပါ "အကြီးအကဲဆွန်က မွေးရာပါ ဟောက်ထိန်အဆင့် သန့်စင်တဲ့ မြွေနဂါး ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ သို့သော် သူက ဒီလောက်နဲ့ ကျေနပ်မနေဘဲ သူ့ခန္ဓာကိုယ်ကို သန့်စင်တဲ့ မီးနဂါးခန္ဓာကိုယ်အဆင့်ထိ တိုးမြင့်လိုနေသည်။
KAMU SEDANG MEMBACA
စစ်ဧကရာဇ် လီကွမ်ရီ Book 1 ( Ch 1 - 990 )
PertualanganReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...