စစ်ဧကရာဇ်(Chapter:291)
....................................
(ကောင်းကင်ဘုံတာအိုကျောင်းတော်)
................................................
ချီရှောင်းတျယ်မှာ လီကွမ်ရီနဲ့ အဖိုးအိုတို့ ပြောနေတဲ့ စကားတွေကို နားထောင်ပြီး အံ့အားသင့်နေမိတော့သည်။ ' လေဟာနယ်နန်းတော်၊ ခရီးသွားပေါ်တယ် ' စတာတွေကို သူမငယ်စဉ်ကတည်းက ကြားဖူးပေမယ့် အပြင်မှာ တကယ်မရှိတဲ့ အရာတွေဟု ထင်မှတ်ထားခဲ့မိသည်။ ယခုတော့ ဒါတွေက တကယ်ရှိတာတဲ့လား.......။" မင်းတို့ရဲ့ ကောင်းကင်ဘုံတာအိုကျောင်းတော်က လူတွေက အရမ်းတွေဝေလွန်းကြတယ်၊ ဒါက အောင်မြင်မှုကို အဟန့်အတား ဖြစ်စေတဲ့ အကြောင်းရင်း တစ်ခုဘဲ "
လီကွမ်ရီက အဖိုးအိုကို ကြည့်ပြီး ပြုံး၍ ပြောလိုက်သည်။" ဘုရားရေ....သခင်လေးပြောတာတွေက တကယ်မှန်တယ်၊ ငါ အင်မော်တယ်ဧကရာဇ်ဖြစ်ဖို့ တွေဝေမနေဘဲ ကြိုးစားရမယ် "
ထိုစဉ် ဆောင်းဦးလေးက စကားဝိုင်းထဲ ဝင်လာပြီး ရုတ်တရက် ပြောလိုက်သည်။လီကွမ်ရီမှာ ဆောင်းဦးလေးရဲ့ စကားကြောင့် စိတ်ပျက်လက်ပျက်နဲ့ ပြန်ပြောသည်။
" အင်မော်တယ်ဧကရာဇ်လား......တစ်ချိန်လုံး အိပ်လိုက်စားလိုက် နေတဲ့သူက အင်မော်တယ်ဧကရာဇ် ဖြစ်ချင်တာလား၊ အင်မော်တယ်ဧကရာဇ် ဖြစ်ချင်ရင်တော့ မင်းရဲ့ စိတ်ဓာတ်တွေကို အရင်ဆုံး ပြင်သင့်တယ်၊ မဟုတ်ရင် မျှော်လင့်မနေနဲ့ ၊အလကားဘဲ "ဆောင်းဦးလေးမှာ လီကွမ်ရီရဲ့ စကားကြောင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားရသည်။ သူက လီကွမ်ရီကို ရှက်ရွှံ့စွာ ကြည့်လိုက်ပြီး ပြန်ပြောသည်။
" သခင်လေး....ငါက စကားအဖြစ် ပြောတာပါ၊ စစ်မှန်တဲ့ နတ်ဘုရားသခင်တစ်ယောက် ဖြစ်လာရင် ငါ့အတွက် လုံလောက်တယ်၊ အင်မော်တယ်ဧကရာဇ်ဖြစ်ဖို့ မလိုပါဘူး၊ ဒါက ငါ့အတွက် အလှမ်းဝေးလွန်းတယ်...ဟီး....ဟီး......"ဆောင်းဦးလေးက လီကွမ်ရီကို ဆက်ပြောသည်။
" ဒီကမ္ဘာပေါ်မှာ အင်မော်တယ်ဧကရာဇ်ဖြစ်လာဖို့က သခင်လေးဘဲ ဖြစ်မှာပေါ့၊ ဘယ်သူက သခင်လေးကို ကျော်ဖြတ်နိုင်ပါ့မလဲ "" သခင်လေးသာ အထွတ်အထိပ်ကို မရောက်ဘူးဆိုရင် ရှေ့ဟောင်းသန့်ရှင်းနယ်မြေဂိုဏ်းက လောကနတ်ဘုရားလို ပျောက်ကွယ်သွားမှာ ငါစိုးရိမ်မိတယ် "
ထိုစဉ် အဖိုးအိုက လီကွမ်ရီကို ကြည့်ပြီး ညည်းညူလိုက်သည်။
STAI LEGGENDO
စစ်ဧကရာဇ် လီကွမ်ရီ Book 1 ( Ch 1 - 990 )
AvventuraReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...