၁၉၁ - ၁၉၅

337 20 0
                                    


စစ်ဧကရာဇ် ( Chapter:191 )
.....................................
( စစ်နတ်ဘုရားကို လှည့်စားခြင်း ၁ )
.............................................
လီကွမ်ရီက အဖွဲ့သား အားလုံးကို ဦးဆောင်ပြီး တစ်တောင်တက် တစ်တောင်ဆင်းနဲ့ သွားနေလိုက်သည်။ နောက်ဆုံးတွင် သူတို့အဖွဲ့က အမြင့်ဆုံးတောင်ထိပ်တစ်ခုပေါ်သို့ ရောက်လာခဲ့တော့သည်။ ထိုအခါမှသာ လီကွမ်ရီက ရုတ်တရက် ရပ်တန့်ပြီး ပတ်ဝန်းကျင် အခြေအနေကို စစ်ဆေးကြည့်ရှုလိုက်သည်။

ပြီးနောက် လီကွမ်ရီက အားလုံးကို ဆက်သွားဖို့အချက်ပြပြီး တောင်ကြားတစ်ခုထဲကို ဝင်လိုက်သည်။ လီရှောင်းရန်တို့မှာ လီကွမ်ရီရဲ့ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့ကြသည်။ ဒီနေရာသို့ လီကွမ်ရီမပါဘဲ သူတို့ချည်းသတ်သတ် လာရောက်ရပါက မျက်စိသူငယ် နားသူငယ်နဲ့ ဖြစ်နေမည်မှာ သေချာပေသည်။ ကံမကောင်းလျှင် သူတို့အားလုံးရဲ့ အသက်တွေပင် ဆုံးရှုံးပြီးနေလောက်ပြီ ဖြစ်သည်။

သူတို့အဖွဲ့မှ တောင်ကြားတစ်လျှောက် ဆက်သွားနေကြပြီး ထူးဆန်းတဲ့ သစ်ပင်အချိ ု့နဲ့ ဆေးဖက်ဝင်မြက်ပင်အချိ ု့ကို တွေ့လိုက်ကြရသည်။ သို့သော် လီကွမ်ရီက ဆေးဖက်ဝင်အပင်တွေကို တူးယူချင်ဟန် မရ၍ အားလုံးကလည်း နှမျှောတသစွာနဲ့ လစ်လျ ူ ရှုပြီး ဆက်လက် ထွက်ခွာလာခဲ့ကြရသည်။

တစ်နေရာသို့ အရောက်တွင် လီကွမ်ရီက ရှီဂန်ဒန်းနဲ့ နူးဖန်တို့်ကို ကြည့်ပြီး ငွေစက္ကပိုက်ဆံတွေကို နေရာအနှံ့ ကြဲချဖို့ အချက်ပြလိုက်သည်။ နူးဖန်နဲ့ ရှီဂန်ဒန်းတို့ကလည်း လီကွမ်ရီရဲ့ ဆိုလိုရင်းကို နားလည်ပြီး ချက်ချင်းပင် ငွေပိုက်ဆံတွေကို ထုတ်ပြီး အဆက်မပြတ် ကြဲချနေလိုက်တော့သည်။

ထိုစဉ် လီကွမ်ရီက ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
" ဝူမျိ ုးနွယ်စုရဲ့ ၆၃၇ ယောက်မြောက် ဆက်ခံသူ ဝူပင်းလန် နဲ့ သူ့ရဲ့ အမျိ ုးသားတို့က ဘိုးဘေးတွေကို ပူဇော်ဖို့ ရောက်လာပါတယ်၊ ကျေးဇူးပြု ၍ ကျွန်တော်တို့ရဲ့ အရိုအသေပေးမှုကို ခံယူပေးဖို့ တောင်းဆိုပါတယ် "

လီကွမ်ရီက အရှေ့ဆုံးကနေ ဦးဆောင်ပြီး အဆက်မပြတ် အော်ပြောနေလိုက်သည်။ သို့သော် ယခုအချိန်အထိ မည့်သည့် တုန့်ပြန်သံကိုမှ မကြားရဘဲ အရိပ်အယောင်ပင် မတွေ့ရသေးချေ ။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Dove le storie prendono vita. Scoprilo ora