906 - 910

199 13 0
                                    

စစ်ဧကရာဇ်(Chapter:906)
(ဘဝဖျက်ဆီးခြင်း)
.............................
     "သူက ဘဝဖျက်ဆီးခြင်းနည်းလမ်းကို သုံးမလို့လား ..."စကြာဝဠာအဆင့်ဘိုးဘေး အများအပြား တုန်လှုပ်သွားကြရ၏။ ကောင်းကင်ထက်မှ တိမ်တိုက်တွေကို ကြည့်ပြီး လီကွမ်ရီ လုပ်ဆောင်တော့မည့်အရာကို ရိပ်မိလိုက်ကြသည်။

     ဘဝဖျက်ဆီးခြင်းနည်းလမ်း ... ဤအရာသည် တားမြစ်နည်းစနစ်တစ်ခုဖြစ်၏။ ကျင့်ကြံသူတိုင်း လုပ်ဆောင်နိုင်သည့်အရာ မဟုတ်ပေ။ ဒီနည်းလမ်းကို အသုံးပြုခြင်းဖြင့် အခန့်မသင့်ပါက အသက်ဆုံးရှုံးရနိုင်ပေသည်။ လက်ရှိတွင် အချို့ကျင့်ကြံသူတွေ၏ စိတ်ထဲ၌ လီကွမ်ရီကျရှုံးဖို့ တိတ်တဆိတ် ဆုတောင်းနေမိကြ၏။ သူတို့အားလုံးသည် ဤမျှကြောက်စရာကောင်းသည့် ပါရမီရှင်တစ်ယောက်နှင့် မျိုးဆက်တစ်ခုထဲ မရှင်သန်လိုကြပေ။ သို့သော် ဒီဆုတောင်းက ဖြစ်နိုင်ဖို့ မလွယ်ကူလှချေ။ လီကွမ်ရီထက် များစွာ အားနည်းသည့် ယဲ့ချင်းချန်ပင် ဘဝဖျက်ဆီးခြင်းကို ကျော်ဖြတ်နိုင်ခဲ့သည် မဟုတ်လော။ မည်သို့ပင်ဆိုစေကာမူ အချို့ကျင့်ကြံသူတွေမှာ လီကွမ်ရီကျရှုံးဖို့ကို မျှော်လင့်နေမိကြ၏။

     ကောင်းကင်ထက်မှ ကျဆင်းလာသည့် အလင်းတန်းတွေက လီကွမ်ရီနှင့် ထိတွေ့သွားခဲ့ကြ၏။ ချက်ချင်းပင် လီကွမ်ရီ၏ ခန္ဓာကိုယ်ပေါ်၌ အရေးအကြောင်းတွေ ပေါ်လာခဲ့သည်။ အရေပြားတွေ တွန့်ပြီး အိုမင်းရင့်ရော်လာခဲ့၏။ ထို့အပြင် ဆံပင်‌အရောင်တွေကပါ အဖြူရောင်အဖြစ် ပြောင်းလဲသွားရတော့၏။

     ဝုန်း ...
     လီကွမ်ရီက အသက်စွမ်းအင်အားလုံးကို ထုတ်ဖော်ပြီး ဘဝဖျက်ဆီးခြင်းကို အံတုဖို့ ကြိုးစားလိုက်သည်။ ဦးခေါင်းထက်၌ အသက်ဘီး ပေါ်လာပြီး စတင်လည်ပတ်သည်။ နေလသွေးပင်လယ်က ကောင်းကင်ယံထက်မှာ ထွက်ပေါ်လာပြီး များပြားလှသည့် သွေးသားစွမ်းအင်တွေ ရရှိဖို့ ထောက်ပံ့ကူညီပေးကြ၏။

     ဘဝဖျက်ဆီးခြင်းသည် ကျင့်ကြံသူတွေရင်ဆိုင်ရမည့် အကြီးမားဆုံး အန္တရာယ်တွေထဲမှ တစ်ခုဖြစ်သည်။ ကောင်းကင်ပြစ်ဒ‌ဏ်ဖြစ်သည့် ကပ်ဘေးဆိုးတွေထက်ပင် ပို၍ ကြောက်စရာကောင်း၏။ တော်ရုံ ကျင့်ကြံသူတစ်ယောက်အတွက် ဘဝဖျက်ဆီးခြင်းကို လုပ်ဆောင်၍ မရပေ။ ထို့ကြောင့်လည်း ကျင့်ကြံသူအများစုက ဒီနည်းလမ်းကို အသုံးပြုဖို့ လက်ရှောင်ကြခြင်းဖြစ်၏။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now