896 - 900

188 15 0
                                    

စစ်ဧကရာဇ်(Chapter:896)
(စစ်မှန်တဲ့ ရတနာကို အညံ့ခံခိုင်းခြင်း)
.........................................................
     ကြေးဝါစစ်တပ်ရဲ့ အရှိန်အဝါ‌တွေက လွန်စွာ ကြောက်စရာကောင်းလွန်းလှသည်။ မည်မျှပင် ကြီးမားတဲ့ စစ်တပ်တစ်ခု ဖြစ်ပါစေ ဒီကြေးဝါစစ်တပ်ကို တွေ့ပါက သူတို့ရဲ့ စိတ်ထဲ၌ ချက်ချင်း ဖျက်ဆီးခံရတော့မည်ဟု အတွေးစိတ် ဝင်ရောက်လာကြမည်မှာ သေချာသည်။ ယုတ်စွအဆုံး အင်မော်တယ်ဧကရာဇ်ရဲ့ တပ်မဟာတွေပင် ဒီကြေးဝါစစ်တပ်အရှေ့ ဒူးထောက်ဦးညွှတ်ကြရမည် ဖြစ်သည်

     "ပွင့်စမ်း ..."ထိုစဉ် မို့ဖမ်းက ကျယ်လောင်စွာ ဟစ်ကြွေးပြီး နဂါးတံခွန်လှံတံကို ဝေ့ရမ်းလိုက်သည်။ သူ့အနေနဲ့ ထွက်ပြေးဖို့ မလွတ်မြောက်နိုင်မှတော့ လီကွမ်ရီကို ရင်ဆိုင်ဖို့ရန်သာ ရှိပေတော့သည်။

     ဝုန်း ...
     ချက်ချင်းပင် နဂါးတံခွန်အတွင်းမှ ရွှေရောင်နဂါးတစ်ကောင်း ထွက်လာခဲ့သည်။ ၎င်းက ကြေးဝါစစ်တပ်ထံ ပျံသန်းပြီး ထိပ်တိုက် ရင်ဆိုင်ဖို့ ကြိုးစားသည်။ သို့သော် မည်သို့ ဖြစ်နိုင်မည်နည်း။ လီကွမ်ရီရဲ့ ကြေးဝါစစ်တပ်က ဧကရာဇ်တွေရဲ့ တပ်မဟာတွေကိုပင် အနိုင်ယူနိုင်သူတွေ ဖြစ်သည်။ ချက်ချင်းလိုလိုပင် နဂါးမှာ ကြေးဝါစစ်တပ်ရဲ့ ပြင်းထန်တဲ့ အရှိန်အဝါတွေကြောင့် မို့ဖမ်းရှိရာသို့ နောက်ပြန်လှည့်ပြေးသွားတော့သည်။ သို့သော ကြေးဝါစစ်တပ်က အရှိန်အဟုန်ပြင်းစွာနဲ့ လိုက်ပါသွားကြသည်။ စက္ကန့်ပိုင်းမျှနှင့် မိုးဖမ်းကို လိုက်မီသွားခဲ့ကြသည်။ စစ်တပ်မှ သတ်ဖြတ်ခြင်း အငွေ့အသက်တွေ ထွက်ပေါ်လာခဲ့ပြီး တစ်ဆက်ထဲမှာ ပြင်းထန်တဲ့ အားလှိုင်းတစ်ခုက မို့ဖမ်းကို လွင့်စင်သွားစေခဲ့တော့သည်။ သူ့ရဲ့ ခန္ဓာကိုယ်အနှံ့ရှိ အရိုးအားလုံး ကျိုးကြေသွားခဲ့ပြီး အသက်မျှော့မျှော့သာ ကျန်ရှိတော့သည်။

     "ဟုန်ထျန်းက မင်းကို မသတ်ချင်လို့ တမင်လွတ်ပေးခဲ့တာ၊ မင်းပြောသလို သူက မင်းသေသွားပြီအထင်နဲ့ ထွက်သွားခဲ့တာ မဟုတ်ဘူး၊ တကယ်လို့ သူသာ သတ်ချင်ရင် မင်းဆီမှာ အသက်ကိုးချောင်းရှိနေရင်တောင် လွတ်မှာ မဟုတ်ဘူး"လီကွမ်ရီက မြေပြင်ပေါ်လဲကျနေတဲ့ မို့ဖမ်းကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Donde viven las historias. Descúbrelo ahora